ပေါ့ဘာလုပ်ခ ပေးချေနိုင်သည့်အသင်း နည်းဟု ဂျူဗင်တပ်စ်ဒါရိုက်တာ ပြော

Reuters
ပေါ့ဘာရဲ့လုပ်ခကို ပေးနိုင်တဲ့အသင်းနည်းပါးတယ်လို့ ဂျူဗင်တပ်အသင်းဒါရိုက်တာက မှတ်ချက်ပေးလိုက်ပါတယ်။  မန်ယူကွင်းလယ်လူ ပေါ့ဘာဟာ ဒဏ်ရာပြဿနာတွေကြောင့် ပွဲဝေးနေပေမယ့်လည်း အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေဆဲဖြစ်ပါတယ်။  ဂျူဗင်တပ်စ် အသင်းကလည်း ပြန်လည်ခေါ်ယူမယ်လို့ သတင်းထွက်ပေါ်နေချိန်မှာ အသင်း ဒါရိုက်တာတဦးက ပေါ့ဘာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့တာပါ။  ပေါ့ဘာဟာ ခြေစွမ်းကောင်းမွန်တဲ့ ကစားသမားဖြစ်ပေမယ့် အခုလို ကိုရိုနာဗိုင်းရပ်စ်ကြောင့် အခက်အခဲဖြစ်နေချိန်မှာ သူ့ရဲ့လုပ်ခကို ပေးချေနိုင်တဲ့ အသင်းအနည်းငယ်သာ ရှိလိမ့်မယ်လို့ ဂျူဗင်တပ်စ်အသင်း ဒါရိုက်တာ  ဖေဘီယိုပါရာတီစီက ပြောပါတယ်။  ကလပ်အသင်းတွေအနေနဲ့ ကစာသမားချင်း အလဲအလှယ်လုပ်တာမျိုးနဲ့ ၂ နှစ် ဒါမှာမဟုတ် ၃ နှစ်အထိ အငှားစာချုပ်တွေ ခေါ်ယူတာမျိုးတွေပဲ ပိုမိုလုပ်ဆောင်လာဖွယ်ရှိတယ်လို့လည်း ပါရာတီစီက ပြောကြားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up