Live
Home
ရုပ်သံ
R.ဇာနည်၊ ဝေကြီး၊ အိုင်ရင်းဇင်မာမြင့်၊ မေလသံစဉ်တို့သီဆိုသည့် “ငါမုန်းတဲ့နာရီ”သီချင်း(ရုပ်သံ)
DVB
·
May 4, 2020
         ဒါကတော့ လတ်တလော အသစ်ထွက်ရှိလာတဲ့ သီချင်းသစ်တပုဒ်ထဲက တေးသွား စာသားတွေဖြစ်ပြီး အွန်လိုင်းပရိသတ်တွေကြားမှာတော့ ရေပန်းစားနေခဲ့ပါတယ်။ ဒီသီချင်းကိုတော့ ဆယ်ကျော်သက်အနုပညာရှင် မေလသံစဉ်က ရေးဖွဲ့ပေးထားခဲ့ တာဖြစ်ပြီး သူနဲ့အတူ နာမည်ကြီး အဆိုတော်တွေ ဖြစ်ကြတဲ့ R.ဇာနည်၊ တေးရေးတေးဆို ဝေကြီးနဲ့ အဆိုတော် အိုင်ရင်းဇင်မာမြင့်တို့က ထူးထူးခြားခြား တွဲဖက်သီဆိုထားခဲ့ကြ တာ ဖြစ်ပါတယ်။ “ဘဝက အချိန်ခဏလေး… ပြောတော့သာလွယ်… မကုန်နိုင်ဘူး စိတ်ပျက်ခဲ့ နေ့တွေ… ဒီနေ့လည်း အလုပ်မရှိပြန်ဘူးလေ… တခါတခါ ထိုင်တွေး… တခါပြန် ထ ငေး… ဘဝက သိပ်တိုပါတယ်… ပြောတော့သာလွယ်… မကုန်နိုင်ဘူး ငြီးငွေ့ခဲ့ ရက် တွေ… ငွေတွေလည်း ပါးလှပ်လို့ သွားပြီ… ရက်တွေ လတွေ ပြောင်းချင်ပါပြီ… အခုအ ချိန်မင်းကို မုန်းတယ် နာရီ… ဝို…. ဝိုး… ဝို… ဝို… ဝိုး… ဝို” မေလသံစဉ်ဟာ ကလေးဘဝတည်းက ကိုယ်ပိုင်သံစဉ်သီချင်းတွေ ရေးသားသီဆို ရင်း နာမည်ကြီးလာခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ဒီသီချင်းထဲမှာတော့ လတ်တ လော Covid-19 ကပ်ဘေးကာလ အခြေအနေကို ထင်ဟပ်ရေးဖွဲ့ထားတဲ့ စာသားတွေနဲ့ ဖန်တီးမှုတွေကို ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။ Lyrics Video တပုဒ်အနေနဲ့ တင်ဆက်လိုက်တဲ့ “ငါမုန်းတဲ့ နာရီ”သီချင်းရုပ်သံကိုတော့ မေလသံစဉ်ရဲ့ တရားဝင်ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှတဆင့် မျှဝေထား ခဲ့တာဖြစ်ပြီး နာရီပိုင်းအတွင်း ဝင်ရောက်ကြည့်ရှုနားဆင်ကြတဲ့ အကြိမ်ရေ ၂ သိန်းခွဲ ကျော်နေခဲ့ပြီ ဖြစ်ပါတယ်။ “တလှမ်းချင်း လှမ်းရင်း အချိန်ကုန် မြန်ပါစေ… ငါတို့ရဲ့ နာရီတွေ… ဘယ်အချိန် ဝမ်းနည်းစရာ သတင်းတွေ ကြုံမလဲ… နားစွင့်လို့နေဆဲ… အသက်ဝဝနဲ့ လေကို ရှိုက် သွင်း နိုးထချင်ပါပြီ… မိသားစုမနက်စာ စုံလင်နေကျ ထမင်းဝိုင်းလေး မျှော်မိ”

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024