အမေများနေ့တွင် မိခင်အတွက် ရော်နယ်ဒို မာစီဒီးကား လက်ဆောင်ပေး

ဓာတ်ပုံ-ဒေးလီးမေးလ်
1.6K
ဂျူဗင်တပ်စ် တိုက်စစ်မှူးစီရော်နယ်ဒိုဟာ အမေများနေ့အထိမ်းအမှတ်အဖြစ် မိခင်ဖြစ်သူကို မာစီဒီး ကားသစ်တစ်စီး လက်ဆောင်ပေးခဲ့ပါတယ်။
နိုင်ငံအများစုမှာတော့ အမေများနေ့ကို မေ ၁၀ ရက်နေ့အဖြစ် သတ်မှတ်ထားပေမယ့် ပေါ်တူဂီနိုင်ငံမှာတော့ မေလပထမပတ်ရဲ့ တနင်္ဂနွေနေ့ဖြစ်တဲ့ မေ ၃ ရက်နေ့ကို အမေများနေ့အဖြစ် သတ်မှတ်ခဲ့တာပါ။
ရော်နယ်ဒိုဟာ ပေါ်တူဂီနိုင်ငံရဲ့ အမေများနေ့မှာ အသက် ၆၅ နှစ်အရွယ်မိခင်ဖြစ်သူ မာရီယာဒိုလော်ရက်စ်ကို ကားသစ်တစ်စီးနဲ့ ပန်းစည်း လက်ဆောင်ပေးခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့မိခင် မာရီယာဟာ ပြီးခဲ့တဲ့မတ်လတုန်းက လေဖြတ်ဝေဒနာ ခံစားခဲ့ရတာကြောင့် ဆေးရုံတက်ပြီး ကုသခဲ့ရဖူးပါတယ်။
မာရီယာကတော့ သားဖြစ်သူ ရော်နယ်ဒိုက မားစီးဒီးကားသစ်တစ်စီး လက်ဆောင်ပေးခဲ့ပုံကို သူ့ရဲ့အင်စတာဂရမ်အကောင့်မှာလည်း တင်ခဲ့ပြီး ကျေးဇူးတင်ကြောင်းလည်း ရေးခဲ့ပါတယ်။
ရော်နယ်ဒိုကတော့ သူ့ရဲ့ချစ်သူ ဂျော့ဂျီနာရိုဒရီဂွက်ဇ်နဲ့ မိခင်ဖြစ်သူမာရီယာတို့ဟာ ထူးခြားတဲ့ မိခင် ၂ ဦး ဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ အမေများနေ့ဖြစ်ပါစေလို့ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေ ဆုတောင်းပေးခဲ့ပါတယ်။
စီရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်း ဆုဖလားရယူစဉ်ကလည်း သူ့ရဲ့ မိခင်ဖြစ်သူ မာရီယာကို ကွင်းထဲအထိခေါ်ပြီး အတူအောင်ပွဲခံခဲ့ပါတယ်။