Homeမြန်မာသတင်း
ရေမဆေးကျောက်ရှာဖွေသူများ နှာခေါင်းစည်းတပ်ရန် ကျောက်မျက်အသင်းချုပ် ဒုဥက္ကဋ္ဌ တိုက်တွန်း
ရေမဆေးကျောက်ရှာဖွေသူများ နှာခေါင်းစည်းတပ်ရန် ကျောက်မျက်အသင်းချုပ် ဒုဥက္ကဋ္ဌ တိုက်တွန်း
DVB
·
May 4, 2020
ကိုရိုနာဗိုင်းရပ်စ် Covid-19 ကာကွယ်နိုင်ဖို့အတွက် ဖားကန့်ဒေသမှာ ရေမဆေးကျောက်ရှာဖွေသူတွေအနေနဲ့ နှာခေါင်းစည်း (Mask) တပ်ပြီး ရှာဖွေဖို့ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းချုပ် ဒု-ဥက္ကဋ္ဌက တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတော်အစိုးရက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုမရှိစေဖို့အတွက် လူစုလူဝေး ဖြစ်စေတဲ့ ဘာသာရေးပွဲ၊ အစည်းဝေးတွေ၊ သင်တန်းတွေ၊ ဆွေးနွေးပွဲတွေကို ပိတ်ပင်တာမြစ်ခဲ့ပြီး ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးကျောက်ရှာဖွေ ၂ သိန်းနီးပါးနဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီလုပ်သားပေါင်း ၈ သောင်း ရှိတယ်လို့ သက်ဆိုင်ရာတွေနဲ့ ကုမ္ပဏီ လုပ်ငန်းရှင်တွေက သိရပါတယ်။
ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာကြောင့် ကိုရိုနာရောဂါ ကူးစက်လာမှာကို ပြည်သူတွေက စိုးရိမ်နေကြပါတယ်။
တူးဖော်ရေး ကုမ္ပဏီတွေက ကုမ္ပဏီတခုချင်းအလိုက် အသွားအလာကန့်သတ်မှု (Lock Down) ချထားပေမယ့် ရေမဆေးကျောက်ရှာဖွေရတဲ့ ရေမဆေးတွေဟာ လူစုလူဝေးထဲမှာ ရေမဆေးကျောက်ရှာရတဲ့ လုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့အတွက် ရောဂါကူးစက်မှု မရှိအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ Mask တွေ တပ်ပြီး ရှာဖွေကြဖို့ မြန်မာနိုင်ငံ ကျောပျောက်မျက်လုပ်ငန်းရှင်များအသင်းချုပ် ဒု-ဥက္ကဋ္ဌ ဦးကျော်သူရက တိုက်တွန်းခဲ့တာပါ။
သတင်း - ဇော်မိုးထက်