ရန်ကုန်-ဒလ ကူးတို့ခ ၂ ဆ တက်မည်
DVB
·
April 19, 2013
ရန်ကုန်၊ ပန်းဆိုးတန်း နဲ့ ဒလမြို့နယ်ဘက်ကို ပြေးဆွဲနေတဲ့ ကူးတို့ သင်္ဘောခကို လာမယ့် ဧပြီ ၂၁ ရက်နေ့မှာ မူလ တဦးကို ကျပ် ၅၀ ကနေ ကျပ် ၁၀၀ ဈေးနှုန်း ၂ ဆ တိုးမြှင့်ကောက်ခံမယ်လို့ ရေကြောင်းပို့ဆောင်ရေး ဦးစီးဌာနက ကြေညာပါတယ်။
ဒီအတွက် ဒလဘက်ကနေ ရန်ကုန်ဘက်ကို ၁ ပတ် ၆ ရက် လာ အလုပ်လုပ်နေသူတွေ အနေနဲ့ ကူးတို့ခ နဂို ၁ လ ကျပ် ၁၃၀၀ ၀န်းကျင်လောက်ကုန်ရာကနေ အခု ၂ဆ တိုးပြီး ကျပ် ၂၆၀၀ လောက် ကုန်ကျတော့မှာ ဖြစ်ပါတယ်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနဟာ ပန်းဆိုးတန်း - ဒလ ခရီးစဉ်တွေကို ကူးတို့ ဇတ်သင်္ဘော ၄ စီးနဲ့ တနေ့ ၄၆ ခေါက် ပြေးဆွဲနေပြီး အရှုံးခံ ပြေးဆွဲပေးနေတယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။