အီတလီတွင် မေ ၂ ရက်နေ့က ကိုရိုနာကြောင့် ၄၇၄ ဦး သေဆုံး

Reuters
လူဦးရေ သန်း ၆၀ ရှိတဲ့ အီတလီနိုင်ငံမှာ စနေနေ့ တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄၇၄ ဦးရှိတယ်လို့ သိရပါတယ်။ အီတလီနိုင်ငံမှာ ဒီနေ့မွန်းတည့်အထိ ကိုရိုနာကြောင့် ကူးစက်ခံရသူ ၂၀၉,၃၂၈ ဦးနဲ့ သေဆုံးသူ ၂၈,၇၁၀ ဦးရှိပြီး ကူးစက်မှုနဲ့ သေဆုံးနှုန်းဟာ ကမ္ဘာမှာ တတိယအများဆုံးဖြစ်ပါတယ်။ အမေရိကန်နိုင်ငံကတော့ ကူးစက်ခံရသူ ၁,၁၆၀,၇၇၄ ဦး၊ သေဆုံးသူ ၆၇၄၄၄ ဦးနဲ့ အများဆုံးဖြစ်ပါတယ်။ ဒုတိယအများဆုံးကတော့ စပိန်ဖြစ်ပြီး ကူးစက်ခံရသူ ၂၄၅,၅၆၇ ဦးနဲ့ သေဆုံးသူ ၂၅,၁၀၀ ဦးရှိပါတယ်။ ဗြိတိန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၁၈၂,၂၆၀ ဦးနဲ့ သေဆုံးသူ ၂၈၁၃၁ ဦးရှိပြီး ကမ္ဘာမှာ စတုတ္ထအများဆုံး ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up