Home
မြန်မာသတင်း
မြန်အောင်တွင် ဆန်တင်ပို့မှု ရပ်သွားသဖြင့် လုပ်ငန်းရှင်များနှင့် အလုပ်သမားများ အခက်ကြုံ
DVB
·
May 3, 2020
ဧရာဝတီတိုင်း မြန်အောင်မြို့မှာ COVID-19 ကြောင့် နယ်စပ်လမ်းတွေ ပိတ်ပြီး ဆန်တင်ပို့တာတွေ ရပ်တန့်သွားတာကြောင့် ဆန်လုပ်ငန်းရှင်တွေနဲ့ အလုပ်သမားတွေ အခက်အခဲဖြစ်နေကြပါတယ်။  ဆန်တင်ပို့တာတွေကို တရုတ်ဘက်နိုင်ငံ မူဆယ်ဘက် တင်ပို့နေတာဖြစ်ပြီး COVID-19 ရောဂါကြောင့် နယ်စပ်ဖြတ်တဲ့လမ်းတွေ ပိတ်ထားတော့ ရန်ကုန်ဘက်ကိုပဲ အားကိုးနေရတယ်လို့ ရတနာဝင် ဆန်စက်ပိုင်ရှင် ဦးဝင်းက DVB ကို ပြောပါတယ်။  မြန်အောင်မြို့မှာ လက်ရှိဆန်ဈေးအခြေအနေကတော့ အနိမ့်ဆုံး ဆန်တအိတ်ကို ၂၄,၀၀၀ ကျပ်၊ အမြင့်ဆုံး ကျပ် ၃၀,၀၀၀ ကျော် ပေါက်ဈေးရှိနေပြီး ဆန်အမျိုးအစားအလိုက် ဈေးကွာခြားတာတွေလည်း ရှိပါတယ်။  အခုလို ဆန်တင်ပို့တဲ့ လမ်းကြောင်းတွေ ပိတ်သွားတာကြောင့် ဆန်စက်အချို့ ပိတ်လိုက်ရပြီး အလုပ်လုပ်နေတဲ့ ဆန်စက်အလုပ်သမားတွေ အခက်အခဲရှိလာနေပါတယ်။  “ကျနော်တို့မှာ အရင်ဆန်စက်လည်နေတော့ အဆင်ပြေပါတယ်။ အခုဆန်စက်တွေ မလည်တော့ စားဝတ်နေရေးအတွက် စက်ပိုင်ရှင်က ကူညီပေးနေလို့ မငတ်ရုံသာ စားနိုင်သလောက် ရှိပါတယ်။ ကျနော်တို့ မိသားစုမှာတော့ စားဝတ်နေရေး အခက်အခဲတွေ ရှိနေတာတော့ အမှန်ပါပဲ” လို့ ဆန်စက်လုပ်သား ဦးအေးကျော်က ပြောပါတယ်။  မြန်အောင်မြို့မှာ ဆန်စက် ၅၀ ဝန်းကျင်လောက်ရှိပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024