၂ နှစ်၊ ၃ နှစ်အတွင်း ဂရင်းဝုဒ် ပိုကောင်းလာမည်ဟု အီဂါလို သုံးသပ်

ဓာတ်ပုံ - ရိုက်တာ
755
မန်ယူနိုက်တက် လူငယ် တိုက်စစ်မှူး မေဆန်ဂရင်းဝုဒ်ဟာ လာမယ့် ၂ နှစ်၊ ၃ နှစ်အတွင်းမှာ ပိုမိုကောင်းမွန်လာမယ်လို့ တိုက်စစ်မှူး အီဂါလိုက သုံးသပ်လိုက်ပါတယ်။
မန်ယူအကယ်ဒမီအသင်းကနေ ထွက်ပေါ်လာတဲ့ ဂရင်းဝုဒ်ဟာ အသက် ၁၈ နှစ်ပဲ ရှိသေးပေမယ့် အသင်းကြီးမှာ ၃၆ ပွဲအထိ ကစားထားပြီး ၁၂ ဂိုး သွင်းယူထားတာပါ။
ဇန်နဝါရီ အပြောင်းအရွှေ့တုန်းက အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာတဲ့ တိုက်စစ်မှူး အီဂါလိုကတော့ အသင်းဖော် ဂရင်းဝုဒ်ဟာ ငယ်ရွယ်ပေမယ့် ဘယ်ခြေရော ညာခြေနဲ့ပါ ဂိုးသွင်းယူနိုင်တာကြောင့် အလွန်စိတ်လူပ်ရှားစရာကောင်းတဲ့ ကစားသမားဖြစ်ပြီး နောက်ထပ် ၂ နှစ်၊ ၃ နှစ်အတွင်း ပိုကောင်းမွန်လာလိမ့်မယ်လို့ ချီးကျူးပါတယ်။
အင်္ဂလန်လူငယ်လက်ရွေးစင် ဂရင်းဝုဒ်ဟာ လူငယ်အသင်းမှာ ကစားစဉ်ကလည်း ပွဲ ၃၀ မှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့တာကြောင့် နည်းပြဆိုးလ်ရှားက အသင်းကြီးကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဂရင်းဝုဒ်ဟာ လက်ရှိအချိန်မှာ တိုက်စစ်မှူးရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ရဲ့ နောက် အရန်ကစားသမားအဖြစ် ပွဲထွက်ကစားနေရပေမယ့် အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။