A d v e r t i s e m e n t With Us

ရီးရဲလ်နှင့် ဘာစီလိုနာ ကမ်းလှမ်းပါက ငြင်းဆန်ရန် ခက်ခဲမည်ဟု ဂျီမီနက်ဇ် ပြော

ဓာတ်ပုံ - ရိုက်တာ
ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာက ကမ်းလှမ်းလာရင်တော့ ငြင်းဆန်ဖို့ ခက်ခဲတယ်လို့ ဝုဗ် တိုက်စစ်မှူး ဂျီမီနက်ဇ်က ပြောလိုက်ပါတယ်။  ဝုဗ်ဗာဟမ်တန်တိုက်စစ်မှူး ရာအူးဂျီမီနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြသနေပြီး ထိပ်တန်းကလပ်အသင်းတွေရဲ့ စိတ်ဝင်စားခြင်းခံနေရတာပါ။  အခုနှစ်ရာသီ စုစုပေါင်း ၄၄ ပွဲမှာ ၂၂ ဂိုးသွင်း ၁၀ ကြိမ်ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။ ဝုဗ်အသင်းမှာ ပျော်ရွှင်နေပေမယ့် စပိန်ထိပ်တန်းကလပ်တွေက ကမ်းလှမ်းလာရင်တော့ ငြင်းဆန်ဖို့ ခက်ခဲတယ်လို့ ဂျီမီနက်ဇ်က ပြောပါတယ်။  လူမူကွန်ရက်စာမျက်နှာတွေမှာ ရီးရဲလ်၊ ချဲလ်ဆီး၊ မန်ယူ၊ အာဆင်နယ်အသင်းတွေနဲ့ အပြောင်းအရွှေ့သတင်းတွေ တွေ့ရပြီး ခြေစွမ်းပြသနိုင်တာကြောင့် ဒီလိုသတင်းတွေထွက်နေတာလို့ ခံယူတယ်လို့ ဆိုပါတယ်။ ဝုဗ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့အတွက် ကြိုးစားမယ်လိုလည်း ဂျီမီနက်ဇ်က ပြောပါတယ်။ အသက် ၂၈ နှစ်ရှိ မက္ကဆီကိုတိုက်စစ်မှူး ဂျီမီနက်ဇ်ဟာ ၂၀၁၈ ခုနှစ်က ဘင်ဖီကာအသင်းကနေ ဝုဗ်အသင်းကို အငှားလာရောက်ကစားရာမှ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် ဝုဗ်အသင်းက အပြီးသတ်စာချုပ် ချုပ်ဆို ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up