ဓာတ်ခွဲနမူနာ ၃၇၈ ခု စစ်ဆေးချက်အရ ရောဂါပိုးမတွေ့၊ ရောဂါပိုးကင်းစင်သူ ၃၇ ဦးရှိပြီ

မေ ၂ ရက်နေ့ညက ဓာတ်ခွဲနမူနာ ၃၇၈ ခုကို စစ်ဆေးရာမှာ COVID-19 ရောဂါပိုးမတွေ့ရဘဲ ရောဂါပိုးကင်းစင်သူ ၃၇ ဦးရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ထားပါတယ်။ မေ ၂ ရက် ညနေပိုင်းက အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)က ဓာတ်ခွဲနမူနာ ၃၂၀ ခုနဲ့ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၅၈ ခု၊ စုစုပေါင်း ၃၇၈ ခုကို  စစ်ဆေးချက်အရ COVID-19 ဓာတ်ခွဲအတည်ပြု လူနာသစ် မတွေ့ရှိဘူးလို့ ဆိုပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ရာမှာ စောင့်ကြည့်လူနာနဲ့ အသွားအလာ ကန့်သတ်ထားတဲ့သူတွေရဲ့ ဓာတ်ခွဲနမူနာတွေအပြင် COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာတွေကိုလည်း ရယူကာ ပိုးကင်းစင်လာမှု အခြေအနေကို စစ်ဆေးနေတယ်လို့ ဆိုပါတယ်။ စစ်ဆေးချက်အရ ဓာတ်ခွဲအတည်ပြု လူနာဟောင်းတွေဖြစ်တဲ့ လူနာအမှတ် ၅၃၊ ၇၀၊ ၇၁၊ ၇၃၊ ၇၅ နဲ့ ၈၅ တို့ရဲ့ ဓာတ်ခွဲနမူနာတွေမှာ ၂ ကြိမ် ဆက်တိုက်အဖြစ် ပိုးမတွေ့ရှိတာကြောင့် ဒီနေ့အထိ ဓာတ်ခွဲနမူနာတွေထဲက ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၃၇ ဦးရှိပြီဖြစ်ပါတယ်။ ဆေးရုံမှဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇ ဦးကို သတ်မှတ်နေရာတွေမှာ အသွားအလာ ဆက်လက် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။ မေ ၃ ရက်နေ့ မနက် ၇ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၅၁ ဦးရှိပြီး သေဆုံးသူ ၆ ဦး ရှိပါတယ်။ ဓာတ်ခွဲအတည်ပြုလူနာ ၁၁၈ ဦးအား သက်ဆိုင်ရာဆေးရုံတွေမှာ ဆေးကုသမှုပေးနေပြီး အထူးကြပ်မတ်ကုသခန်းမှာ ကုသမှုခံယူနေသူ ၂ ဦး ရှိပါတယ်။ မေ ၁ ရက်ကနေ့ ၂ ရက်နေ့ မွန်းတည့် ၁၂ နာရီအထိ စောင့်ကြည့်လူနာသစ် ၆၄ ဦး ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up