အမေရိကန်တွင် COVID-19 အတည်ပြုလူနာဦးရေ ၁ ဒသမ ၁ သန်း ကျော်ရှိပြီ

အမေရိကန်နိုင်ငံမှာ COVID-19 အတည်ပြုလူနာဦးရေ ၁ ဒသမ ၁ သန်း ကျော်သွားခဲ့ပြီလို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က မေ ၂ ရက်နေ့ မနက်အစောပိုင်းက ထုတ်ပြန်ပါတယ်။  ကမ္ဘာလုံးဆိုင်ရာ COVID-19 စောင့်ကြည့်ရေးလုပ်ဆောင်နေတဲ့ တက္ကသိုလ်ရဲ့ သိပ္ပံနဲ့ အင်ဂျင်နီယာစနစ်များဌာန ထုတ်ပြန်ချက်အရ အတည်ပြုလူနာ ဦးရေဟာ ၁,၁၀၂,၇၀၃ ဦးဖြစ်ပြီး သေဆုံးသူကတော့ ၆၄,၇၈၉ ဦး ရှိပါတယ်။  အိမ်ဖြူတော်မှာ ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတထရမ့်က အမေရိကန်မှာ သေဆုံးသူ အရေအတွက်ဟာ ၁ သိန်းအောက်ပဲ ရှိမယ် မျှော်လင့်ထားတယ်လို့  ပြောဆိုခဲ့ပါတယ်။  ဧပြီ ၃၀ ရက်နေ့က အမေရိကန်ပြည်နယ်အားလုံးရဲ့ တဝက်လောက်ဟာ စားသောက်ဆိုင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေကို စပြီးပြန်ဖွင့်ခဲ့တယ်လို့ ရိုက်တာ သတင်းက ရေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up