ဒေါ့မွန် ကစားသမား ဆန်ချိုကို လီဗာပူးအသင်းထံ ပြောင်းရွှေ့ရန် အာနိုးလ် ဖိတ်ခေါ်

775
ဒေါ့မွန်ကစားသမား ဆန်ချိုကို လီဗာပူးအသင်းဆီ ပြောင်းရွှေ့လာဖို့ နောက်ခံလူ အာနိုးလ်က ဖိတ်ခေါ်လိုက်ပါတယ်။
အင်္ဂလန်လက်ရွေးစင်တောင်ပံတိုက်စစ်မှူး ဆန်ချိုကို ပရီးမီးယားလိဂ် ထိပ်တန်းကလပ်တွေအပါအဝင် ဥရောပထိပ်တန်းအသင်းတချို့က ခေါ်ယူလိုနေတာပါ။
မန်ယူအသင်းနဲ့ အပြောင်းအရွှေ့ သတင်းထွက်နေချိန်မှာပဲ လီဗာပူးဆီ ပြောင်းရွှေ့လာဖို့ ဆန်ချိုကို အာနိုးလ်က ဖိတ်ခေါ်ခဲ့တာပါ။
ဆန်ချိုသာ လီဗာပူးဆီ ပြောင်းရွှေ့လာမယ်ဆိုရင် ပိုကောင်းတဲ့အသင်း ဖြစ်လာနိုင်ပြီး သူ့အတွက်လည်း ပျော်ရွှင်ရမှာဖြစ်ကြောင်း၊ ဆန်ချိုနဲ့ အင်္ဂလန်အသင်းမှာ အတူကစားခဲ့ဖူးတာကြောင့် ထူးခြားတဲ့ ပါရမီရှိတဲ့ ကစားသမားဖြစ်ကြောင်း အာနိုးလ်က ချီးကျူးခဲ့ပါတယ်။
အသက် ၂၀ သာရှိသေးတဲ့ ဆန်ချိုဟာ အခုနှစ်ရာသီမှာ ဒေါ့မွန်အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၃ ပွဲမှာပဲ ၁၄ ဂိုးသွင်း၊ ၁၆ ကြိမ် ဂိုးဖန်တီးပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။
ဆန်ချိုဟာ အသင်းနဲ့ ၂ နှစ်သက်တမ်း စာချုပ်ကျန်ရှိနေသေးပြီး ဒေါ့မွန်အသင်းဘက်ကတော့ လုပ်ခတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။