Home
မြန်မာသတင်း
အထွေထွေရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် အစီအစဉ်မရှိသေးဟု ဦးဇော်ဌေးပြော
DVB
·
May 2, 2020
အခု ၂၀၂၀ ခုနှစ်အတွင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ရွှေ့ဆိုင်းဖို့ အစီအစဉ်မရှိသေးဘူးလို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်၊၊ မေလ ၁ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထောက်တွေကို  ဦးဇော်ဌေးက ပြောကြားခဲ့တာပါ။ "အစိုးရရဲ့ COVID-19 နဲ့ ပတ်သက်တဲ့ ကာကွယ်ထိန်းချုပ်ကုသတဲ့ အစီအစဉ်တွေပေါ့နော်။ ဒီအစီအစဉ်တွေပေါ် မူတည်ပြီးတော့ပဲ ရွှေ့တာ မရွှေ့တာ လုပ်မယ်။ လောလောဆယ်ကတော့ ပုံမှန်အတိုင်း နိုဝင်ဘာလဆိုပြီးတော့ သူတို့ကြေညာထားတာ ကျနော်တို့ သိရတယ်။ နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်မယ်။ ဥပမာအားဖြင့် ဒီ COVID-19 ကာလမှာပဲ တောင်ကိုရီးယားမှာ ရွေးကောက်ပွဲလုပ်သွားတာရှိတယ်။ မဲဆွယ်စည်းရုံးတာတွေဆိုရင် အွန်လိုင်းကနေ စည်းရုံးတာတွေလုပ်တယ်။ မဲပေးတဲ့အချိန်ကျတော့ Social distancing ပေါ့နော်၊ အဲဒီလိုပုံစံတွေနဲ့ လုပ်တယ်။ Mask တွေ တပ်တယ်။ လက်တွေဆေးတယ်။ ဒါမျိုးတွေနဲ့ လုပ်သွားတာတွေရှိတယ်။ ရွေးကောက်ပွဲကတော့ ကမ္ဘာ့နိုင်ငံတွေမှာလည်း မဖြစ်ဖြစ်အောင်လုပ်သွားတဲ့ အပိုင်းတွေရှိပါတယ်။ ကျနော်တို့ သိသလောက်ကတော့ နိုဝင်ဘာလ လျာထားထားတယ်။ လောလောဆယ်ရွှေ့ဆိုင်းဖို့ မရှိသေးဘူးလို့ သိရတယ်။"  ၅ နှစ်တကြိမ်ကျင်းပလေ့ရှိတဲ့အတိုင်း အထွေထွေရွေးကောက်ပွဲဟာ ဒီနှစ် ၂၀၂၀ ခုနှစ်အတွင်း ပြုလုပ်ရမှာ ဖြစ်ပေမယ့် COVID-19 ရောဂါကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းသင့်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေတာပါ။  အခု တကြိမ် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲဟာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကို ပြန်လည်စတင်ကျင့်သုံးပြီးနောက် တတိယအကြိမ် ပြုလုပ်မယ့်ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်။  ပထမအကြိမ် ၂၀၁၀ ပြည့်နှစ်မှာ ကြံ့ခိုင်ရေးပါတီက အနိုင်ရရှိခဲ့ပြီး ဒုတိယအကြိမ် ၂၀၁၅ ခုနှစ်မှာတော့ NLD ပါတီက အနိုင်ရရှိထားပါတယ်။  လက်ရှိအချိန်မှတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၉၇ ပါတီ ရှိတယ်လို့ သိရပါတယ်။ ဖြိုးသက်ပိုင်မြင့် (နေပြည်တော်)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024