ပိုးရှိသူအား ခြေရာခံသည့်လုပ်ငန်းကြောင့် ကိုရိုနာကူးစက်သူ လျော့နည်းလာဟု တူရကီကျန်းမာရေး ဝန်ကြီးပြော

Reuters
844
တူရကီနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးမှာ ပိုးရှိသူတွေနဲ့ ထိတွေ့ဖူးသူတွေကို ခြေရာခံတဲ့လုပ်ငန်းက အဓိက အချက်အခြာဖြစ်လာပါတယ်။
တူရကီမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူကို စတွေ့ပြီး သီတင်း ၆ ပတ် ဝန်းကျင်မှာပဲ ကူးစက်သူ မြင့်မားတဲ့ အခြေအနေကို ရောက်ခဲ့ပြီးနောက် ထပ်မံကူးစက်တာ မတွေ့ရဘူးလို့ ကျန်းမာရေး တာဝန်ရှိသူတွေက ရှင်းပြပါတယ်။
ကျန်းမာရေးဝန်ကြီးဌာန အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ၉၃ ယောက် သေဆုံးခဲ့တာနဲ့အတူ ၁၀ ရက်အတွင်း နေ့စဉ် လူသေဆုံးနှုန်း ကျဆင်းခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တူရကီမှာ စုစုပေါင်း ၃, ၁၇၄ ယောက် သေဆုံးပြီး တခြား ကမ္ဘာ့ ၁၁ နိုင်ငံထက် သေဆုံးသူ နည်းပါးပါတယ်။
လော့ဒေါင်း အစီအမံတွေအပေါ် နိုင်ငံသားတွေ လိုလိုလားလား လိုက်နာတာနဲ့အတူ ပိုးရှိသူနဲ့ ထိတွေ့ဖူးသူတွေအား ခြေရာခံတဲ့ ကြိုးပမ်းချက်တွေကို တူရကီ ကျန်းမာရေး ဝန်ကြီးက ချီးမွမ်းပါတယ်။
ဆေးဘက်ဝန်ထမ်း နှစ်ဦး ဒါမှမဟုတ် သုံးဦး ပါဝင်တဲ့ ဆေးဘက်အဖွဲ့ ၅၈၀၀ လောက် ပိုးရှိသူတွေနဲ့ ထိတွ့ခဲ့သူ လေးသိန်း ခြောက်သောင်းကျော်ကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကျန်းမာရေး ဝန်ကြီးက ပြောဆိုခဲ့ပါတယ်။
လူဦးရေ ၈၃ သန်းရှိတဲ့ တူရကီနိုင်ငံမှာ တစ်နေ့ကို လူဦးရေ သုံးသောင်းနဲ့ လေးသောင်းကြား ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးပေးနေတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေအရ သိရပါတယ်။