အကျဉ်းသားများ ပြန်လွှတ်ပေးသည့်အပေါ် အာဂျင်တီးနားပြည်သူများ အိုးခွက်တီး၍ ဆန္ဒပြ

Reuters
1.2K
အာဂျင်တီးနားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် အကျဉ်းသားတွေကို ထောင်က စောစောပြန်လွှတ်လိုက်တဲ့အပေါ်မှာ မကျေနပ်လို့ ပြည်သူတချို့ ဧပြီ ၃၀ ညက ဆန္ဒပြခဲ့ကြပါတယ်။
မြို့တော် ဗျူနိုအေးရိစ်က ပြည်သူတွေဟာ နေအိမ်ဝရန်တာတွေ၊ ပြတင်းပေါက်တွေကနေ၊ အိုးခွက်ပန်းကန်ကို အသံဆူညံအောင် တီးပြီးကန့်ကွက်ခဲ့တာပါ။
ဒီဆန္ဒပြမှုကို လူမှုကွန်ရက်တွေပေါ်က စတင်စုစည်းခဲ့ပြီး ကပ်ဘေးကာလအတွင်း အကျဉ်းသားတွေ လွှတ်ခဲ့တာကို ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။
ဒေသခံမီဒီယာတွေအဆိုအရ၊ ဗျုနိုအေးရိစ်ပြည်နယ်အတွင်းက အကျဉ်းထောင်တွေကနေ အကျဉ်းသား ၇၅၃ ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အာဂျင်တီးနားမှာ မတ်လအလယ်ပိုင်းကစလို့ တနိုင်ငံလုံး တင်းကြပ်တဲ့ လော့ဒေါင်းချ ထားမှုကို လုပ်ဆောင်ခဲ့ပါတယ်။
အာဂျင်တီးနားမှာ ကိုဗစ်-၁၉ အတည်ပြုလူနာဦးရေ ၄၄၂၈ ဦးရှိပြီး သေဆုံးသူကတော့ ၂၁၈ ဦး ရှိတယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။