ပီရူးနိုင်ငံ လီမာမြို့ဈေးက ဈေးသည် ၁၅၀ ကျော် ကိုရိုနာ ကူးစက်ခံရ

Reuters
ပီရူးနိုင်ငံ လီမာမြို့ဈေးက ဈေးသည် အယောက် ၁၅၀ ကျော်မှာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေး တွေ့ရှိတယ်လို့  သမ္မတ မာတင်ဗစ်ဇ်ကာရာက ဧပြီလ ၂၉ ရက်မှာ ကြေညာခဲ့ပါတယ်။  ကြီးမားပြီး လူစ ည်ကားတဲ့ ကာကယ်တာ ဈေးက ဈေးသည် အယောက် ၈၀၀ ကျော်ကို  ဗိုင်းရပ်စ်  ရှိမရှိ အမြန်စစ်ဆေးခဲ့ရာ   ၁၆၈ ယောက်မှာ ဗိုင်းရပ်စ်တွေ့ရှိတယ်လို့ ပီရူးသမ္မတက ပြောဆိုခဲ့တာပါ။  ကာကယ်တာဈေးဟာ ပီရူးနိုင်ငံမှာ ဈေးဝယ်သူတွေ အကြိုက်တွေ့တဲ့ ဈေးကြီးတခုဖြစ်ပြီး နိုင်ငံအတွင်း အသွားအလာကန့်သတ်တဲ့ စီမံချက်အစပိုင်းမှာ ဈေးကို ပိတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးသည်တွေဟာ ဈေးမပိတ်ခင်ကတည်းက ကူးစက်ခံရတာ ဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သံသယရှိနေပါတယ်။    ဒီလို ကာကယ်တာဈေးအတွင်းက ဈေးသည်တွေ ဗိုင်းရပ်စ် အမြောက်အမြား ကူးစက်ခံရပြီး  ပီရူးနိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ အရေအတွက်ဟာ ထိုးတက်လာခဲ့ပါတယ်။   ပီရူးနိုင်ငံမှာ ဒီနေ့မွန်းလွဲပိုင်းအထိ ရောဂါကူးစက်သူ ၃၇၀၀၀ လောက် ရှိနေပြီး သေဆုံးသူ  ၁၀၅၁ ယောက် ရှိနေပါတယ်။ လာမယ့် ရက်တွေအတွင်း တခြားဈေးတွေမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အမြန် စစ်ဆေးတာတွေ လုပ်သွားမယ်လို့ ပီရူးအစိုးရက ပြောကြားခဲ့သလို ဈေးသည်တွေကိုလည်း အိမ်မှာပဲ နေကြဖို့ သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up