ကိုရိုနာကြောင့် ပြင်သစ်လိဂ်ဖျက်သိမ်း၍ ပီအက်စ်ဂျီကို ချန်ပီယံအဖြစ် သတ်မှတ်
DVB
·
May 1, 2020
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲကို ဖျက်သိမ်းလိုက်ပြီး ပီအက်စ်ဂျီ အသင်းကို ချန်ပီယံအသင်းအဖြစ် သတ်မှတ်လိုက်ပါတယ်။
ပြင်သစ်နိုင်ငံမှာ ဘောလုံးပွဲတွေနဲ့အတူ တခြားအားကစားပြိုင်ပွဲတွေကို စက်တင်ဘာလအထိ ပိတ်ပင်လိုက်တာကြောင့် ဘောလုံးလိဂ်ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်တာပါ။
ပြိုင်ပွဲပြီးဖို့ ၁၀ ပွဲအလိုမှာပဲ ဖျက်သိမ်းလိုက်တာကြောင့် အမှတ်ပေး ဇယားမှာ ၁၂ မှတ်ဖြတ် ဦးဆောင်နေတဲ့ ပီအက်စ်ဂျီအသင်းကို ချန်ပီယံဆုဖလားပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ချန်ပီယံလိဂ်ဝင်ခွင့်ကိုတော့ ဒုတိယနေရာက မာဆေးနဲ့ တတိယနေရာက ရင်းနက်စ် အသင်းတို့ရရှိခဲ့ပါတယ်။ အဆင့်၄ နေရာက လိုင်လီအသင်းက ယူရိုပါလိဂ်ကစားခွင့်ရမှာပါ။ အ
မှတ်ပေးဇယားအောက်ဆုံးက ၂ သင်းဖြစ်တဲ့ အမ်မီယန်းစ်နဲ့ တူးလော့တို့ တန်းဆင်းခဲ့ရပြီး လိဂ် ၂ က လန်းစ်နဲ့ လိုရီယန့် အသင်းတွေက တန်းတက်ကစားခွင့်ရရှိခဲ့ပါတယ်။
ရှုံးထွက်ဖလားဗိုလ်လုပွဲစဉ်တွေကိုတော့ သြဂုတ်လအတွင်း ကျင်းပဖို့ စီစဉ်ထား တယ်လို့ သိရပါတယ်။