ကိုလံဘီယာမြို့တော်ရှိ အကြီးဆုံး အမှိုက်ပုံ ပြိုကျ

Reuters
756
ကိုလံဘီယာနိုင်ငံ မြို့တော်ဘိုကိုတာရဲ့ အကြီးဆုံးအမှိုက်ပုံဟာ ဧပြီ ၂၈ ရက်ညက ပြိုကျခဲ့ပြီး အနံ့ဆိုးတွေ ထွက်နေတာကြောင့် အနီးဝန်းကျင်နေထိုင်သူတွေ စောဒက တက်နေကြ ပါတယ်။
မြို့တော်တောင်ပိုင်း တောင်စောင်းကနေ အမှိုက်တန်ချိန် ၆၀၀၀၀ လောက် ပြိုကျခဲ့တယ်လို့ ဘိုကိုတာ ပြည်သူ့ဝန်ဆောင်မှုအုပ်ချုပ်ရေးဌာနက ပြောကြားပါတယ်။
ပြိုကျလာတဲ့ အမှိုက်ပုံက အနံအသက်တွေ အလွန်ဆိုးရွားလွန်းတယ်လို့ ဒေသခံတွေက ဆိုရှယ်မီဒီယာမှာ ပြောဆိုနေပေမယ့် ဘိုကိုတာရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးက တော့ အမှိုက်ပုံအနံ့အသက်ဟာ ကျန်းမာရေးအတွက် အန္တရာယ် မရှိဘူးလို့ ပြောပါတယ်။
၁၉၉၇ ခုနှစ်ကလည်း အခုထက် ပိုကြီးတဲ့ အမှိုက်ပုံကနေ ပြိုကျမှု ဖြစ်ခဲ့ဖူးပါတယ်။
အဲဒီတုန်းက တောင်စောင်းကနေ အမှိုက်တန်ချိန် ၁ ဒသမ ၂ သန်း အောက်ကို ကျခဲ့တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။