ကျန်မာရေးဝန်ထမ်းများအတွက် ရန်ပုံငွေပေါင်သန်း ၃၀ခန့် ရှာပေးသူ ဗြိတိန်စစ်ပြန် အဘိုးအိုကို ရာထူးတိုးပေး

Reuters
ကိုရိုနာဗိုင်းရပ်စ်ကို  တိုက်ဖျက်နေတဲ့  ကျန်းမာရေးဝန်ထမ်းတွေအတွက် ရန်ပုံငွေ ပေါင် သန်း ၃၀ နီးပါးရအောင် ကြိုးပမ်းပေးတဲ့ ဗြိတိန်စစ်ပြန်ကြီး ကပ္ပတိန် တွမ်မိုးကို သူရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့မှာ ဂုဏ်ထူးဆောင်ကာနယ်ရာထူး တိုးပေးလိုက်ပါတယ်။  စစ်ပြန်ကြီး ကပ္ပတိန်မိုးဟာ ကျန်းမာရေးလုပ်သားတွေအတွက် ရန်ပုံငွေ ပေါင် ၁၀၀၀ ရဖို့ နေအိမ်ဥယျာဉ်ထဲမှာလမ်းလျှောက်အကူပစ္စည်းနဲ့ အကြိမ် ၁၀၀၀ ပြည့်အောင် လမ်းလျှောက်ပြခဲ့ပါတယ်။   သူရဲ့ ဇွဲသတ္တိကို ချီးကျူးဂုဏ်ပြုတဲ့အနေနဲ့ ကမ္ဘာတဝန်းက  ရန်ပုံငွေတွေ ထည့်ရာကနေ ပေါင် ၂၉ ဒသမ ၄ သန်း ရရှိခဲ့ပါတယ်။  ဒါဟာ လူတစ်‌ယောက် လမ်းလျှောက်ပြီး  ရန်ပုံငွေ အများဆုံးရအောင် ရှာဖွေနိုင်တာမို့လည်း ကပ္ပတိန် မိုးဟာ ဂင်းနစ်မှတ်တမ်းဝင်ခဲ့ပါတယ်။  ကပ္ပတိန်မိုးရဲ့ကြိုးပမ်းမှုကို ဂုဏ်ပြုတဲ့ အနေနဲ့ ဧပြီ ၃၀ ရက် သူရဲ့ အသက် ၁၀၀ ပြည့် မွေးနေ့မှာ အဲလိဇဘတ်ဘုရင်မကြီး ထောက်ခံချက်နဲ့ သူ့ကို Army Foundation College ရဲ့ ပထမဆုံးဂုဏ်ထူးဆောင် ကာနယ်ရာထူးခန့်အပ်သွားမယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။  ဒါ့အပြင် တော်ဝင်လေတပ် လေယာဉ် နှစ်စင်းနဲ့  ဘတ်ဖို့ရှိုင်းယားက သူ့နေအိမ်အထက် ကောင်းကင်ယံမှာ ဂုဏ်ပြုပျံသန်း ပြသွားဦးမယ်လို့လည်း ရိုက်တာသတင်းအရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up