ရီးယဲလ်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်ကို ခေါ်ရန် အဲဗာတန်ကမ်းလှမ်း

Reuters
764
အဲဗာတန်အသင်းဟာ ရီးယဲလ်မက်ဒရစ်ကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်ကို ၄ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ကိုလံဘီယာကွင်းလယ်လူ ဂျိမ်းရိုဒရီဂွက်ဇ်ဟာ ရီးယဲလ်အသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရသလို အသင်းနည်းပြ ဇီဒန်းနဲ့လည်း အဆင်မပြေဖြစ်နေတာပါ။
ပြီးခဲ့တဲ့နှစ်ကတည်းက နည်းပြဇီဒန်းက အရောင်းစာရင်း တင်ခဲ့ပေမယ့်လည်း အဆင်မပြေခဲ့ တာကြောင့် မက်ဒရစ်မှာပဲဆက်ရှိခဲ့တာပါ။
စပိန်သတင်းစာမန်ဒို ဒီပို့တီဗိုရဲ့အဆိုအရ ဂျိမ်းရိုဒရီဂွက်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း ၄၀ ပေးမယ်ဆိုရင် ရီးယဲလ်အသင်းဘက်က ရောင်းချမယ်လို့ ဆိုပါတယ်။
အဲဗာတန်နည်းပြ အန်စလော့တီဟာ ဂျိမ်းရိုဒရီဂွက်ဇ်နဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှာရော ဘိုင်ယန်မြူးနစ်အသင်းမှာပါ အတူတွဲ လုပ်ဆောင်ခဲ့ဖူးပါတယ်။
အဲဗာတန်အသင်းမှာလည်း သူ့ရဲ့ ကစားသမားဟောင်း ရိုဒရီဂွက်ဇ်ကိုခေါ်ယူဖို့ နည်းပြအန်စလောတီက ဆန္ဒရှိနေတာပါ။
အသက် ၂၈ နှစ်ရှိ ကွင်းလယ်တိုက်စစ်ကစားသမား ဂျိမ်းရိုဒရီဂွက်ဇ်ကို အဲဗာတန်အသင်းအပြင် အာဆင်နယ်၊ ချဲလ်ဆီးနဲ့ ဝုဗ်အသင်းတွေကလည်း ခေါ်ယူလိုနေတယ်လို့ သိရပါတယ်။