Home
အနုပညာ
မြန်မာအိုင်ဒေါ တေးသံရှင် ငွေဇင်လှိုင်း ဆန်းသစ်သီဆိုသည့် ဟယ်လို(Hello)သီချင်း(ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)
DVB
·
April 30, 2020
“နားလည်မှုများနဲ့ ကိုယ်နဲ့မင်းနဲ့ စကားလေးတွေပြောမယ်… ဘယ်သူမှမသိတဲ့ Phone ထဲမှာ ရင်ခုန်ခဲ့မိသူပါ… တဖက်သတ်အချစ်များပဲ မင်းဘက်ကတော့ အသိအ မှတ်မပြုပေးခဲ့ပါ… တကယ်ရူးရမှာလား… ငါဖွင့်ပြောသင့်လို့လား” ဒီသီချင်းစာသားတွေကို ကြားလိုက်တာနဲ့ ပရိသတ်တွေက သီချင်းဟောင်းတပုဒ် ထဲက စာသားတွေမှန်း သိကြပြီး ဖြစ်မှာပါ။ ဟယ်လို(Hello)လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ အဆိုတော် ရဲလေးက ရေးစပ်ပေးထားခဲ့ပြီး အဆိုတော် ငယ်ငယ်က သီဆိုခဲ့တာ ဖြစ်ပါတယ်။ ခုတခါမှာတော့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲစင်မြင့်ပေါ်မှတဆင့် အနုပညာလော ကထဲ ရောက်ရှိလာခဲ့တဲ့ တေးသံရှင် ငွေဇင်လှိုင်းရဲ့ တကျော့ပြန်သီဆိုမှုနဲ့အတူ ခံစားနား ဆင်ကြရမှာ ဖြစ်ပါတယ်။ “Hello မင်းအသံလေး… Hello ထပ်ပြီးဝေး… ကိုယ့်ရဲ့စကားတွေ ရပ်တန့်လိုက်ပြီ … အလွမ်းနဲ့ဇာတ်သိမ်းခန်း… Hello နာကျင်နေ… Hello ဘယ်သူမှမသိ… မင်းမရှိတော့ Telephone လေးနားမှာ တခါတလေ ယောင်ယမ်းပြီး Hello” Myanmar Idol သီချင်းဆိုပြိုင်ပွဲကိုတော့ မြန်မာနိုင်ငံမှာ ရွှေသံလွင်ကုမ္ပဏီက စီ စဉ်ပြီး ၂၀၁၆ ခုနှစ်မှာ Season 1 အဖြစ် ကျင်းပခဲ့ကာ Winner ဆုကိုတော့ စောလား ထော်ဝါးက ရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ Myanmar Idol Season 2 မှာတော့ Winner ဆုရှင်အဖြစ် သား ငယ်က ရရှိခဲ့တာပါ။ ၂၀၁၈ ခုနှစ်ရဲ့ Myanmar Idol Season 3 နောက်ဆုံးအဆင့် ပြိုင်ပွဲကတော့ ပရိသတ်တွေကြား လှုပ်ခတ်စေခဲ့တဲ့ ပြိုင်ပွဲတခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်ထိ ရောက်ရှိခဲ့ကြတဲ့  ဖြိုးမြတ်အောင်နဲ့ ချမ်းမြေ့မောင် ချိုတို့ကို အားပေးတဲ့ ပရိသတ်တွေအချင်းချင်းကြားမှာ အပြိုင်အဆိုင် အကြိတ်အနယ် ရှိနေခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲနောက်ဆုံးနေ့မှာတော့ ကျန်းမာရေးကြောင့် ချမ်းမြေ့မောင်ချိုက ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့ဘဲ Winner ဆုကို ဖြိုးမြတ်အောင်က ရရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ Seson 4 မှာတော့ ချင်းတိုင်းရင်းသူ ပြိုင်ပွဲဝင် အက်စတာ ဒေါ့သ်ချင်းဆုန် က Winner ဆုကို ရရှိခဲ့တာပါ။ တေးသံရှင် ငွေဇင်လှိုင်းကတော့ Season 3 မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Top 4 အ ဆင့်ထိ ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။ “ပေါင်းစပ်မှုများဝေး… မျှော်လင့်ထားလည်း အားလုံးကြွေလွင့်ပြီ… သူ့ရဲ့ မိန်းက လေးကိုပဲ သူလေအရမ်းချစ်တယ်တဲ့… ကံဆိုးမှုနေ့များထဲ Telephone လေး အသက်မဲ့ လို့သွားပြီ… ဆုံစည်းဖို့အချိန်တွေ ပြန်မရတော့ဘူး” လွမ်းမောစရာ အချစ်ဇာတ်လမ်းပုံစံရေးဖွဲ့ထားတဲ့ ဒီသီချင်းဟာ ငွေဇင်လှိုင်းရဲ့ ဆန်းသစ်သီဆိုမှုနဲ့အတူ လှပနေခဲ့တာကို ပရိသတ်တွေက ခံစားနားဆင်ကြရမှာပါ။ ဒီသီချင်းကိုတော့ Legacy Music ကတဆင့် ဖေ့စ်ဘွတ်ခ်အင်တာနက်လူမှုကွန် ရက်စာမျက်မှာပေါ်မှာ မျှဝေထားခဲ့တာဖြစ်ပြီး ပရိသတ်တွေကြား ရေပန်းစားနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024