Home
မြန်မာသတင်း
မန္တလေးတိုင်းတွင် စစ်ဆေးရေးအဖွဲ့ကစိစစ်ခွင့်ပြုသည့် စက်ရုံအလုပ်ရုံများကိုသာ လုပ်ကိုင်ခွင့်ပြုမည်
DVB
·
April 30, 2020
မန္တလေးတိုင်းဒေသကြီးအတွင်းမှာ  အစိုးရအဖွဲ့ရဲ့ ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့ ပါဝင်တဲ့ စစ်ဆေးရေးအဖွဲ့က စိစစ်ခွင့်ပြုထားတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေကို လုပ်ငန်းလည်ပတ်လုပ်ကိုင်ခွင့်ပြုမယ်လို့ တိုင်းအစိုးရအဖွဲ့က ဧပြီ ၂၉ ရက်က သတင်းထုတ်ပြန်ပါတယ်။ အရေးကြီးပြီး မရှိမဖြစ်လိုအပ်တဲ့စားသောက်ကုန်လုပ်ငန်းတွေ၊ ဆေးဆိုင်တွေ၊ ဆေးဝါးထုတ်လုပ်မှုလုပ်ငန်းတွေ၊ ပုဂ္ဂလိကဆေးရုံတွေ၊ စက်သုံးဆီဆိုင်တွေ၊ လျှပ်စစ်ဓာတ်အားပေးရေးလုပ်ငန်းနဲ့ ဘဏ်တွေကတော့ ဖွင့်လှစ်မြဲအတိုင်း ဖွင့်လှစ်ထားရှိရမယ်လို့ ဆိုပါတယ်။ အထက်ပါလုပ်ငန်းတွေက လွဲပြီး ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းနဲ့ Inn တွေ၊ အထည်ဆိုင်လုပ်ငန်းတွေနဲ့ ကျန်လုပ်ငန်းတွေကိုတော့ မေလ ၁၅ ရက်  ည ၁၂ နာရီအထိ ယာယီ ပိတ်သိမ်းဖို့လည်းထပ်မံညွှန်ကြားထားပါတယ်။  မူလကဧပြီလ ၃၀ ရက်နေ့အထိ ပိတ်သိမ်းဖို့ အမိန့်ညွှန်ကြားချက် ထုတ်ပြန်ထားတာ ဖြစ်ပေမယ့် နောက်ထပ် ၁၅ ရက် ထပ်တိုးထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့တွင်း အိမ်စီးကား စီးနင်းခွင့်ကိုလည်း လူငါးဦးကနေ လေးဦးအထိ ထပ်မံလျှော့ချလိုက်ပါတယ်။ ဧပြီ ၂၈ ရက်အထိ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်ခုနစ်ခုမှာ facility quarantine ဆောင်ရွက်ဆဲ ဦးရေ ၂၅၇၈ ဦးနဲ့ မြို့‌လေး မြို့မှာ Hotel quarantine ဆောင်ရွက်ဆဲဦးရေ ၂၀ ဦး ရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024