A d v e r t i s e m e n t With Us

မန်ယူနိုက်တက်အတွက် ခေါ်ယူသင့်သည့် ကွင်းလယ်လူ ၃ ဦး ဖာဒီနန်  အကြံပြု

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ရာသီအပြောင်းအရွှေ့ ဈေးကွက်မှာ အက်သလက်တီကို ကွင်းလယ်လူ နီဂွယ်ဆောလ်၊ သောမတ်ပါတေးနဲ့ လက်စတာကွင်းလယ်လူ ဝိုင်းဖရတ်အန်ဒီဒီတို့ကို ခေါ်ယူသင့်တယ်လို့ ကစားသမားဟောင်း ရီယိုဖာဒီနန်က အကြံပြုလိုက်ပါတယ်။ ယူနိုက်တက်နည်းပြ အိုလေဂန်နာဆိုးလ်ရှားဟာ အသင်းကို ပြန်လည်တည်ဆောက်နေဆဲ ဖြစ်ပြီး နောက်လာမယ့် အပြောင်းအရွှေ့ ဈေးကွက်မှာ ကစားသမားသစ် ခေါ်ယူမှုတွေ ထပ်မံပြုလုပ်သွားမယ်လို့ ယူဆရပါတယ်။ နော်ဝေသား နည်းပြကြီးဟာ သူ့လက်ထက်မှာ ဒန်နီယယ်ဂျိမ်းစ်၊ အာရွန်ဝမ်ဘစ်ဆာခါ၊ ဂယ်ရီမက်ဂွဲယား၊ ဘရူနိုဖာနန်ဒက်စ်တို့ကို အပြီးသတ်ခေါ်ယူခဲ့ပြီး ရှန်ဟိုင်းရှင်ဟွာတိုက်စစ်မှူး အိုဒီယွန်အီဂါလိုကိုလည်း အငှားနဲ့ ခေါ်ယူထားပါတယ်။ လက်ရှိ အမှတ်ပေးဇယားမှာ ရပ်တည်မှုအရ မန်ယူနိုက်တက်အသင်းအနေနဲ့ ပြည်တွင်းနဲ့ ဥရောပဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ ကစားသမားသစ်တဦး ဒါမှမဟုတ် နှစ်ဦးလောက် လိုအပ်နေတာ ဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်တွေ မရပ်နားခင် အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဥရောပဝင်ခွင့်ပြိုင်ဘက် ချဲလ်ဆီးလ်အသင်းနဲ့ ၃ မှတ်အကွာကို ရောက်နေပါတယ်။ ဖာနန်ဒက်စ်နဲ့ အီဂါလိုတို့လို မှန်ကန်တဲ့ လူသစ်ခေါ်ယူမှုတွေကြောင့် ဆိုးလ်ရှားရဲ့ အသင်းသားတွေဟာ ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိ စံချိန်ကို ရရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ အမှတ်ပေးဇယားရဲ့ ထိပ်ပိုင်းကို တက်ရောက်နိုင်ခဲ့သလို အက်ဖ်အေဖလားနဲ့ ယူရိုပါလိဂ် ပြိုင်ပွဲတွေမှာလည်း ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။  ခြေစွမ်းပိုင်း ပိုမိုတိုးတက်လာပေမယ့် မန်ယူနိုက်တက်အသင်းဟာ ဥရောပ ထိပ်သီးကစားသမား တချို့နဲ့ သတင်းထွက်ပေါ်နေဆဲ ဖြစ်ပြီးတော့ ကစားသမားဟောင်း ဖာဒီနန်က ဆိုးလ်ရှားအနေနဲ့ အသင်းရဲ့ ကွင်းလယ်အင်အားကို မြှင့်တင်သင့်တယ်လို့ အကြံပြုပါတယ်။ ဗီလာကွင်းလယ်လူ ဂျက်ဂရီးလစ်ရှ်၊ လက်စတာကွင်းလယ်လူ ဂျိမ်းစ်မက်ဒီဆင်တို့ဟာ မန်ယူနိုက်တက်အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားနှစ်ဦး ဖြစ်တယ်လို့ သတင်းတွေ ထွက်နေပေမယ့် ဖာဒီနန်ကတော့ အက်သလက်တီကို ကွင်းလယ်လူနှစ်ဦးနဲ့ လက်စတာ ကွင်းလယ်ကစားသမား အန်ဒီဒီတို့ကို ပိုပြီးအကြိုက်တွေ့မိတယ်လို့ ဆိုပါတယ်။ အသင်းနောက်တန်းအတွက် အင်အားဖြည့်တင်းမယ်ဆိုရင်လည်း နော့ဝှစ်ချ်အသင်းရဲ့ ဘန်ဂေါ့ဖရေနဲ့ နာပိုလီနောက်ခံလူ ကူလီဘာလေတို့ကို ရွေးချယ်သင့်တယ်လို့ မန်ယူနိုက်တက် ကစားသမားဟောင်းကြီး ဖာဒီနန်က အကြံပြုပါတယ်။

A d v e r t i s e m e n t With Us

More News
Up