Home
မြန်မာသတင်း
မကွေးမြို့တွင် ဝင်ငွေနည်း မိသားစု ၆၀၀ ကျော်ကို  စားသောက်ကုန်များလှူဒါန်း
DVB
·
April 29, 2020
မကွေးမြို့ ကုန်သည်/စက်မှုလုပ်ငန်းရှင်များအသင်းက ဝင်ငွေနည်း အိမ်ထောင်စု ၆၀၀ ကျော်အတွက်  အခြေခံစားသောက်ကုန်တွေ  ဒီနေ့မနက်ပိုင်းက လှူဒါန်းပေးခဲ့ပါတယ်။ မြို့ပေါ် ၄ ရပ်ကွက်ရှိ  ဝင်ငွေနည်း အိမ်ထောင်စု  ၆၃၅  စုအတွက် ဆန် ၁ ပြည်၊ ပဲဆီ ၅ဝ ကျပ်သား၊ ကုလားပဲ ၇၀ ကျပ်သား၊ ပဲထောပတ် ၅၀ ကျပ်သား၊ ကြက်သွန်နီ ၅၀ ကျပ်သား၊ ဆပ်ပြာမှုန့် တထုပ်စီ ထောက်ပံပေးခဲ့တာပါ။ မကွေးမြို့ ကုန်သည်/စက်မှု လုပ်ငန်ရှင်များ အသင်း ဥက္ကဋ္ဌ ဦးဖိုးနီက" COVID-19 ကာလမှာ ဝင်ငွေနည်းမိသားစုတွေ စားရေးသောက်ရေး အဆင်ပြေအောင်ရည်ရွယ်ပြီး တစ်အိမ်ထောင်ကို ၆၁၀၀ ကျပ်နှုန်း အကုန်ကျခံကာ စုစုပေါင်း ၃၈၇၃၅၀၀ ကျပ်ဖိုး ထောက်ပံ့ပေးခဲ့တာပါ။ နောက်ထပ်လည်း အလှူရှင်တွေ စုပေါင်းပြီး လိုအပ်တဲ့ နေရာတွေမှာ ဖြည့်ဆည်းထောက်ပံ့ပေးဖို့ စီစဉ်နေတယ်”လို့ ပြောပါတယ်။ ဒါ့အပြင် မကွေးမြို့ပေါ် ပရဟိတ အဖွဲ့တွေအနေနဲ့လည်း ဆင်းရဲနွမ်းပါးသူတွေကို အလှူရှင်တွေနဲ့ ချိတ်ဆက်ပြီး တပိုင်တနိုင် ထောက်ပံပေးနေတာ ရှိပါတယ်။ COVID-19 ကာလမှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံ လက်လုပ်လက်စားတွေ အနေနဲ့ အလုပ်ကိုင်အခွင့်လမ်းတွေရှားပါးလာပြီး စားဝတ်နေရေး အခက်ခဲတွေ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။ သတင်း-မင်းထီး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024