A d v e r t i s e m e n t With Us

အကြမ်းဖက်မှုများ နှိမ်နှင်းရန် ရဲနှင့်စစ်တပ်ကို အယ်လ်ဆာဗေဒို သမ္မတ အခွင့်အာဏာပေး

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေချိန်မှာ အကြမ်းဖက်နှုန်း တိုးလာတာကို နှိမ်နင်းဖို့ ရဲနဲ့ စစ်တပ်က လိုအပ်လာရင် ရာဇဝတ်ဂိုဏ်းသားတွေကို အသေဖမ်းဖို့ထိ အင်အားသုံးနိုင်တယ်လို့ အယ်လ်ဆာ ဗေဒို သမ္မတက ဧပြီ ၂၆ ရက်မှာ အခွင့်အာဏာပေးလိုက်ပါတယ်။ အယ်လ်ဆာဗေဒိုမှာ ဧပြီ ၂၄ ရက် တရက်တည်းမှာ လူသတ်မှု ၂၄ မှု ဖြစ်ခဲ့ပြီး သမ္မတ နာယစ်ဘူခေလေ အာဏာရအပြီး အဆိုးဆုံး လူသတ်မှုဖြစ်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကြောင့် ဂိုဏ်းသားတွေကို ထိန်းသိမ်းထားတဲ့ ထောင်တွေကို ၂၄ နာရီ လူဝင်လူထွက် အသွားအလာ ကန့်သတ်ဖို့ သမ္မတက အမိန့်ထုတ်ခဲ့ပါတယ်။ ဧပြီ ၂၅ ရက်မှာတော့ လူသတ်မှု ၂၉ မှု ရှိတယ်လို့ ရဲတွေက စာရင်းသွင်းခဲ့လို့ သမ္မတက ရာဇဝတ်ဂိုဏ်းတွေအပေါ် ပိုတင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကို ထိန်းချုပ်ဖို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အလုပ်များနေတာကို ရာဇဝတ်ဂိုဏ်းသားတွေက အခွင့်ကောင်းယူတယ်လို့လည်း သမ္မတက ပြောပါတယ်။ သီတင်းပတ်ကုန်ရက်မှာတော့ အစိုးရက တဂိုဏ်းတည်းသားတွေချင်း ဆက်ဆံရေးလိုင်းတွေကို ဖြတ်တောက်ဖို့  ပြိုင်ဘက် ရာဇဝတ်ဂိုဏ်းသားတွေကို အချုပ်ခန်းတွေထဲမှာ အတူတူထားဖို့နဲ့ ထောင်အနည်းဆုံး ၅ ခုမှာ ရှာဖွေစစ်ဆေးဖို့ အမိန့်ထုတ်ခဲ့ ပါတယ်။ အယ်လ်ဆာဗေးဒိုနိုင်ငံမှာ ဂိုဏ်းသား ၁၃,၀၀၀ နီးပါးကို အကျဉ်းချထားတယ်လို့ ထောင် အာဏာပိုင်တွေက ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up