Home
မြန်မာသတင်း
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဦးအောင်မင်း ဆွေးနွေး
DVB
·
April 17, 2013
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်နဲ့ မြန်မာသမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ပတ်သက်လို့ ဧပြီ ၁၆ ရက်နေ့ လန်ဒန်မှာ ဆွေးနွေးကြတယ်လို့ ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓနသဟာယရုံးက ထုတ်ပြန်ပါတယ်။ ဒီတွေ့ဆုံပွဲပြီးနောက် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံမှာ မြင်တွေ့ရတဲ့ အပြောင်းအလဲဖြစ်စဉ်တွေမှာ ပါဝင်ဆောင်ရွက်တဲ့ ဦးအောင်မင်းရဲ့အခန်းကဏ္ဍကို ချီးကျူး ပြောကြားပါတယ်။ [caption id="attachment_38485" align="alignright" width="300" caption="ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်နဲ့ တွေ့ဆုံအပြီး (ဓာတ်ပုံ- Hla Maung Shwe)"][/caption] “ကျနော်တို့ဟာ မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ တိုက်ခိုက်လာတဲ့ လက်နက်ကိုင်အဖွဲ့ ၁၁ ဖွဲ့အနက် ၁၀ ဖွဲ့နဲ့ အပစ်အခတ်ရပ်စဲခဲ့တဲ့ကိစ္စ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ဆွေးနွေးခဲ့ကြပါတယ်။ နောက်ထပ် တိုးတက်မှုတွေရအောင် ဗြိတိန်ကျွမ်းကျင်သူတွေက ဘယ်ပုံဘယ်နည်း အကောင်းဆုံးထောက်ပံ့ပေးနိုင်မလဲ ဆိုတာကို ဆွေးနွေးကြတယ်” လို့ မစ္စတာ ၀ီလျံဟိတ်က ပြောပါတယ်။ ကချင်ပြည်နယ်မှာ အပစ်အခတ်ရပ်စဲရေး ရရှိအောင် ဆက်ပြီးတွေ့ဆုံဆွေးနွေးညှိနှိုင်းကြဖို့ လိုအပ်ချက်နဲ့ ပတ်သက်လို့ သဘောတူကြတယ်လို့ ဆိုပါတယ်။ အကြမ်းဖက်မှုဖြစ်ပွားခဲ့တဲ့ မိထ္ထီလာမြို့အဖြစ်အပျက်နောက်ကွယ်က ရန်လိုမှုကိုလည်း ဖော်ထုတ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သဘောကိုက်ညီကြပါတယ်လို့ ပြောပါတယ်။ ဗြိတိန်အစိုးရအနေနဲ့ မြန်မာပြည်က မတူကွဲပြားတဲ့ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ အတူ လက်တွဲပြီး ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ သူတို့ဟာ ရခိုင်ပြည်နယ်က အလေးအနက်ထားစရာ လူသားချင်းစာနာထောက်ထားမှုအခြေအနေနဲ့ ရာစုနှစ်ပေါင်းများစွာနေထိုင်လာတဲ့ ရိုဟင်ဂျာ လူ့အဖွဲ့အစည်းကို နိုင်ငံသားအပြည့်အ၀ ပေးအပ်ဖို့ဟာ အရေးကြီးတယ်ဆိုတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း ၀ီလျံဟိတ်က ပြောပါတယ်။ “ပြီးခဲ့တဲသီတင်းပတ်က စက်မှုဖွံ့ဖြိုးပြီး ၈ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာအစိုးရရဲ့တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကတိက၀တ်အပေါ်မှာ ထောက်ခံပြောကြားခဲ့ကြပါတယ်။ ကျနော် ဒီကနေ့ ထပ်မံပြီး ရှင်းရှင်းလင်းလင်းပြောမှာကတော့ လွတ်လပ်ပြီး ကြွယ်ဝချမ်းသာတဲ့ လူ့အဖွဲ့အစည်းကို ရှေးရှုတဲ့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးအတွက် ဗြိတိန်အစိုးရက ဆက်လက်အားပေးသွားမှာ ဖြစ်ပါတယ်။”
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024