Home
မြန်မာသတင်း
ကရင်ပြည်နယ် လွှတ်တော်တွင် ပုဂ္ဂလိကသတင်းဌာနများကို သတင်းယူခွင့်မပေး
DVB
·
April 27, 2020
ဘားအံမြို့မှာ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကျင်းပပြုလုပ်ရာမှာ ပုဂ္ဂလိက သတင်းဌာနက သတင်းမီဒီယာသမားတွေကို သတင်းရယူခွင့် မပေးဘူးလို့ သိရပါတယ်။ ဘားအံမြို့မှာ ဒုတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် ၁၄ ကြိမ်မြောက် ပုံမုန်အစည်းအဝေး ပထမနေ့ကို ဧပြီ ၂၇ ရက် မနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်မှာ ကျင်းပခဲ့တာပါ​။ အစည်းအဝေး ကျင်းပပြုလုပ်တာတွေနဲ့ ပတ်သက်ပြီး သတင်းရယူခွင့်ကိုတော့ အစိုးရသတင်းဌာနတွေဖြစ်တဲ့ ​MRTV၊ ပြန်ဆက် ဌာနတွေပဲ သတင်းရယူခွင့်ပေးခဲ့ပါတယ်။ "သတင်းယူခွင့်ကို ဉက္ကဋ္ဌရဲ့ လမ်းညွှန်ချက်အရလုပ်ရတာ အစိုးရသတင်းဌာနလောက်ပဲ သီးခြားဖိတ်ထားတာ" လို့ လွှတ်တော်ရုံး တာဝန်ရှိသူက ပြောပါတယ်။ ဒီကနေ့ ကျင်းပပြုလုပ်တဲ့ အစည်းအဝေးကိုတော့ အစီအစဉ် ၈ ခုနဲ့ ကျင်းပပြုလုပ်ခဲ့ရာမှာ ကရင်ပြည်နယ်ရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေအရအသုံး ခန့်မှန်းခြေငွေစားရင်း တင်သွင်းတာ၊ ငွေကြေးဆိုင်ရာသုံးသပ်ချက်အစီရင်ခံစာကို ပြည်နယ်လွှတ်တော် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ စိစစ်အကြံပြုရေးကော်မတီက ဖတ်ကြားရှင်းလင်းတာတွေ ပြုလုပ်ခဲ့တာပါ။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေစာရင်းဆိုင်ရာ လျာထားချက်စာရင်းနဲ့ပတ်သက်ပြီး ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ်တွေက အမည်စားရင်းတင်သွင်းရမှာဖြစ်ပါတယ်။ ဧပြီ ၂၈ ရက် မနက် ၁၀ နာရီမှာ အစည်းအဝေး ဒုတိယနေ့ကို ဆက်လက်ကျင်းပသွားမှာပါ။   ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024