နယ်သာလန်လိဂ်ပြိုင်ပွဲ ဖျက်သိမ်းခဲ့မှု အူထရတ်အသင်း တရားစွဲဆိုမည်

ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် လိဂ်ပြိုင်ပွဲ ဖျက်သိမ်းခဲ့တဲ့ နယ်သာလန်လိဂ်ကို အူထရတ်အသင်းက တရားစွဲဆိုသွားဖို့ ပြင်ဆင်နေပါတယ်။   နယ်သာလန်လိဂ်ပြိုင်ပွဲ တာဝန်ရှိသူတွေဟာ ဗိုင်းရပ်စ်အန္တရာယ်ကြောင့် လိဂ်ပြိုင်ပွဲကို ဆက်လက်ကျင်းပခြင်းမပြုတော့ဘဲ လက်ရှိရလဒ်အတိုင်းသာ ပြီးဆုံးဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။  စုစုပေါင်း ၁၈ သင်း ယှဉ်ပြိုင်နေတဲ့ ဟော်လန်လိဂ်မှာ ပွဲစဉ် ၂၅ ပွဲသာ ကစားရသေးပြီး ၉ ပွဲ ကျန်သေးတာပါ။  ချန်ပီယံအသင်းအဖြစ် အေဂျက်ဇ်၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အေဂျက်ဇ်နဲ့ အယ်ခမာ၊ ယူရိုပါလိဂ်ဝင်ခွင့်အတွက် ဖီယင်နု၊ ပီအက်စ်ဗွီနဲ့ Willem II အသင်းတို့ ဝင်ခွင့်ရထားပါတယ်။  ဒါပေမဲ့ အဆင့် ၅ နေရာက Willem II နဲ့ အဆင့် ၆ နေရာက အူထရတ်အသင်းတို့ကြားမှာ ၃ မှတ်သာ ကွာဟပြီး အူထရတ်အသင်းက တပွဲလျော့ ကစားထားတာပါ။  အူထရတ်အသင်းအနေနဲ့ ယူရိုပါလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့တာကြောင့် တရားစွဲဆိုဖို့အတွက် ရှေ့နေတွေ ငှားရမ်းထားတယ်လို့ သိရပါတယ်။  တန်းဆင်း တန်းတက်စနစ်ကိုလည်း ပယ်ဖျက်ခဲ့တာကြောင့် ဒုတိယတန်းမှာ ဦးဆောင်နေတဲ့    Cambuur Leeuwarden အသင်းရဲ့ ကန့်ကွက်မှုတွေလည်း ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up