သထုံမြို့နယ် ကျေးရွာတချို့တွင် ဆန်ပြတ်လပ်
DVB
·
April 25, 2020
မွန်ပြည်နယ်၊ သထုံမြို့နယ်က ကျေးရွာတချို့မှာ ဆန်ပြတ်လပ်နေတယ်လို့ သထုံမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက DVB ကို ပြောပါတယ်။
အခြေခံ စားသောက်ကုန် ဆန်ပြတ်လပ်နေတဲ့အတွက်ကြောင့် ဧပြီ ၂၄ ရက်နေ့မှာ သထုံမြို့နယ် ကဇိုင်းကျေးရွာ အပါအဝင် ကျေးရွာ ၃ ရွာက အကူအညီ တောင်းခံလာပြီး ဒီကျေးရွာတွေကို ဧပြီ ၂၅ ရက်နေ့မှာ အိမ်ထောင်စုတစုကို ဆန် ၁၇ ပြည်၊ ဆီ တပုလင်း၊ ငါးသေတ္တာ ၅ ဘူးနဲ့ အာလူး၊ ကြက်သွန်နီတွေပါ သွားရောက် ထောက်ပံ့တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
သထုံမြို့နယ်မှာ ကျေးရွာပေါင်း ၁၇၀ ကျော် ရှိပြီး တခြားရွာတွေမှာလည်း ဆန်ပြတ်လပ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဦးအောင်ကျော်သူက ပြောပါတယ်။
သထုံမြို့နယ်ဟာဆိုရင် လူဦးရေ ၂၃၀,၀၀၀ ကျော် နေထိုင်နေတဲ့ မြို့နယ်တခုလည်း ဖြစ်ပါတယ်။
ဇော်လွင်ထွဋ်