ကိုဗစ်-၁၉ ကြောင့် ဘဏ်များ၏ အလုပ်ချိန် ယာယီလျှော့ချ
DVB
·
April 25, 2020
ကိုဗစ်-၁၉ ကြောင့် ဘဏ်တွေရဲ့ အလုပ်ချိန်တွေကို ယာယီလျှော့ချလိုက်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကြေညာပါတယ်။
ကိုဗစ်-၁၉ ဖြစ်နေတဲ့ ကာလအတွင်း ဘဏ်လုပ်ငန်းချိန်ကို မနက် ၁၀ နာရီကနေ မွန်းလွဲ ၂ နာရီအထိလို့ ပြင်ဆင်လိုက်ပြီး ဧပြီ ၂၈ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။
မူလကတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိ မနက် ၉ နာရီခွဲကနေ မွန်းလွဲ ၃ နာရီအထိ၊ လစာထုတ်ရက်မှာတော့ မနက် ၈ နာရီခွဲကနေ မွန်းလွဲ ၂ နာရီအထိလို့ သတ်မှတ်ထားတာပါ။
ကိုဗစ်-၁၉ ကြောင့် လုပ်ငန်းတာဝန်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေကို ရောဂါကူးစက်ပျံ့နှံ့တာ ထိန်းချုပ်ဖို့၊ ဘဏ်လုပ်ငန်းတွေအဆင်ပြေစေဖို့အတွက် အခုလို ပြင်ဆင် သတ်မှတ်တာဖြစ်ပြီး ဒါကို ဘဏ်နဲ့ဆက်သွယ်သူတွေ ကျယ်ကျယ်ပြန့်ပြန့်သိဖို့ ကြေညာပေးထားဖို့အတွက်လည်း ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။