ကမ္ဘာကျော် ခရီးသည်တင်ယာဉ် တိမ်းမှောက်၊ ၄ ဦး သေဆုံး
DVB
·
April 17, 2013
ပုသိမ်မြို့ ပုသိမ်-ချောင်းသာကားလမ်းပေါ်မှာ ခရီးသည်တင် မှန်လုံယာဉ်တစီး တိမ်းမှောက်ခဲ့တဲ့အတွက် လူ ၄ ဦး သေဆုံးသွားပါတယ်။
ကမ္ဘာကျော်ခရီးသည်တင် မှန်လုံယာဉ်ဟာ ဧပြီ ၁၆ ရက်မနက် ၁ နာရီက ပုသိမ်-ချောင်းသာကားလမ်း မိုင်တိုင် ၉ ကျောက်ချောင်းကြီး ကျေးရွာအုပ်စု စက်ကုန်းကျေးရွာ ကျောက်ချောင်းကြီး တံတားအနီးမှာ တိမ်းမှောက်ခဲ့တာလို့ နိုင်ငံပိုင် သတင်းစာမှာ ဖော်ပြထားပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် မကူမ အသက် (၃၅) နှစ်၊ မသီတာဦး (၂၈) နှစ်၊ မသီရိ (၃၇) နှစ်တို့ ၃ ဦး အခင်းဖြစ်ပွားရာ နေရာမှာ သေဆုံးခဲ့ပြီး မသူဇာမြင့် (၃၂) နှစ်မှာ ပုသိမ်ဆေးရုံပို့စဉ် သေဆုံးသွားတယ်လို့ ဆိုပါတယ်။
ယာဉ်တိမ်းမှောက်မှုကြောင့် ကားမောင်းသမားအပါအ၀င် ခရီးသည် ၂၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။