မွန်ပြည်နယ်က COVID-19 လူနာအမှတ် ၂၇ ကို ဒုတိယအကြိမ်စစ်ဆေး၊ ရောဂါပိုးမတွေ့
DVB
·
April 25, 2020
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကျွန်းရွာကျေးရွာက ကိုရိုနာဗိုင်းရပ်စ် COVIDd-19 အတည်ပြု လူနာအမှတ် ၂၇ ကို ရောဂါတွေ့ပြီးနောက် ဒုတိယအကြိမ် ဆေးစစ်ကြည့်ရာမှာ ရောဂါပိုး မတွေ့ရှိဘူးလို့ မွန်ပြည်နယ် ကုသရေးနဲ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာထွန်းအောင်ကြည်က DVB ကို ဧပြီ ၂၅ ရက်နေ့မှာ အတည်ပြုပါတယ်။
လူနာအမှတ် ၂၇ ရဲ့ ဆေးစစ်ချက်ကို ဧပြီ ၂၁ ရက်နေ့နဲ့ ဧပြီ ၂၃ ရက်နေ့မှာ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန NHL က နှစ်ကြိမ် စစ်ဆေးခဲ့တာဖြစ်ပြီး Negative ပဲ အဖြေထွက်ခဲ့တာလို့ ဆိုပါတယ်။
လူနာနံပါတ် ၂၇ မှာ ရောဂါပိုး မတွေ့ရှိတော့ပေမယ့် ဆေးရုံမှာထားပြီး ဆက်လက် စောင့်ကြည့်သွားဦးမယ်လို့ ဒေါက်တာထွန်းအောင်ကြည်က ပြောပါတယ်။
လက်ရှိမှာတော့ လူနာနံပါတ် ၂၇ နဲ့ ထိတွေ့ခဲ့တဲ့ မိသားစုဝင် ၁၅ ဦးကိုလည်း ဒုတိယအကြိမ် စစ်ဆေးတာတွေ လုပ်ဆောင်သွားဖို့ ရှိနေပါတယ်။