ဂျပန်ဆိပ်ကမ်းရှိ အပျော်စီးသင်္ဘောပေါ်၌ ကိုရိုနာအတည်ပြုလူနာ ၅၇ ဦးထိရှိလာ

1K
ဂျပန်နိုင်ငံ နာဂါဆာကီဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ အီတာလျံအပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အတည်ပြုလူနာဟာ ၅၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။
အမှုထမ်းအားလုံး စစ်ဆေးမှု ပြီးဆုံးသွားတာနဲ့အတူ စုစုပေါင်းကူးစက်ခံရသူ အရေအတွက် ၁၅၀ ဝန်းကျင်ရှိလာပါတယ်။
ဒါဟာ သင်္ဘောအမှုထမ်း စုစုပေါင်းရဲ့ လေးပုံတပုံလောက် ရှိပါတယ်။
ကော်စတာအတ်တလန်တီကာလို့ ခေါ်တဲ့ အဲဒီအပျော်စီးသင်္ဘောမှာ သင်္ဘောသားအရာရှိနဲ့ ဝန်ထမ်း ၆၂၃ ဦး ပါဝင်ပြီး အားလုံးကို စစ်ဆေးပြီးတဲ့နောက်မှာ ၁ ဦးသာ ရောဂါပြင်းထန်လို့ ဆေးရုံတင်ထားရပါတယ်။ ကျန်တဲ့သူတွေကတော့ ရောဂါလက္ခဏာပြင်းထန်မှု မရှိလို့ သင်္ဘောပေါ်မှာပဲ ဆက်ထား ထားတယ်လို့ ဆိုပါတယ်။
ဒီသင်္ဘောဟာ နာဂါဆာကီဆိပ်ကမ်းမှာ ဖေဖော်ဝါရီလကတည်းက ပြင်ဆင်ဖို့ ဆိုက်ကပ်ထားတာ ဖြစ်ပြီး မူလက တရုတ်ပြည်မှာ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံ ဒေသတချို့က ဆေးရုံတွေမှာ လူနာခုတင် မလောက်မင ဖြစ်နေချိန်မှာပဲ အခုလို နာဂါဆာကီဆိပ်ကမ်းမှာ ကပ်ထားတဲ့ အပျော်စီး သင်္ဘောပေါ်မှာ အစုလိုက် ကူးစက်မှုကို တွေ့ရှိရတာပါ။
ဂျပန်တနိုင်ငံလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၂၈၀၀ အထိ မြင့်တက်လာပြီး သေဆုံးသူ ၃၄၅ ယောက် ရှိတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။