
Lead Story နိုင်ငံတကာ သတင်း အားကစား
လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာ၏ဖခင်နှင့် ဘာစီလိုနာ ဒါရိုက်တာတို့ တွေ့ဆုံ

Email This Story :
ဘာစီလိုနာ ဘောလုံးဒါရိုက်တာ အဘီဒယ်ဟာ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာရဲ့ဖခင်နဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းထွက်ပေါ်လာပါတယ်။
အဘီဒယ်ဟာ ပြီးခဲ့တဲ့လပိုင်းက ဂျာမနီနိုင်ငံမှာ တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ ကစားသမားရဲ့ ဖခင်နဲ့ဆွေးနွေးခဲ့ပြီး အပေါင်းလက္ခဏာဆောင်တဲ့ ရလဒ်ရရှိခဲ့တယ်လို့ သိရပါတယ်။
စပိန်သတင်းစာ မန်ဒိုဒီပို့တီဗိုက ဖော်ပြသွားခဲ့တာဖြစ်ပြီး တီမိုဝါနာကို ခေါ်ယူလိုတဲ့ အသင်းတွေထဲမှာ ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့တာပါ။
တီမိုဝါနာရဲ့ စာချုပ်ဖျက်သိမ်းကြေးဟာ ပေါင် ၅၂ သန်းသာ ရှိတယ်လို့ သိရပြီး ဘာစီလိုနာအသင်းက ပေးချေဖို့ အဆင်သင့်ဖြစ်နေတယ်လို့ဆိုပါတယ်။
ဂျာမနီလက်ရွေးစင်နဲ့ လိုက်ဇစ်တိုက်စစ်မှူး တီမိုဝါနာဟာ အခုနှစ်ရာသီမှာ စုစုပေါင်း ၃၆ ပွဲမှာ ၂၇ ဂိုးသွင်းပြီး ၁၂ ကြိမ် ဂိုးဖန်တီးထားပါတယ်။