Home
မြန်မာသတင်း
ဖျာပုံဆေးရုံတွင် ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ ဦးကို သံသယလူနာအဖြစ် စောင့်ကြည့်
DVB
·
April 24, 2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရှိ ဖျာပုံပြည်သူ့ဆေးရုံကြီး၊ သံဃာ့ဆေးရုံ ဆေးကုသဆောင်မှာ သံသယလူနာ အမျိုးသား ၁ ဦးကို စောင့်ကြည့်ကုသမှု ပေးနေပြီး ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးသွားမယ်လို့  ဆေးရုံက သိရပါတယ်။   ဖျာပုံမြို့၊ (၁၇)ရပ်ကွက်မှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ဆိုင်ကယ်ကယ်ရီမောင်းသမားတဦးဟာ ဧပြီ ၂၀ ရက်ကစပြီး  ချောင်းဆိုးခြင်း၊ ရင်ကြပ်ခြင်း၊ အသက်ရှုမဝခြင်း၊ လည်ချောင်းနာခြင်းတွေ ဖြစ်ပေါ်နေလို့ ဧပြီ ၂၃ ရက်မှာ  သံသယရှိသူအဖြစ် သတ်မှတ်၍ ဓာတ်ခွဲနမူနာများရယူကာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သို့ ပို့ဆောင်ကာ COVID-19 ကူးစက်ရောဂါပိုးရှိ/မရှိ စစ်ဆေးဆောင်ရွက်ဖို့ ဆေးရုံက စီစဉ်နေပါတယ်။ သံသယလူနာဟာ  ပြည်ပခရီးသွားခဲ့တာ မရှိဘဲ အဆုတ်ရောင်ရောဂါအခံရှိသူတစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။  အဆိုပါ သံသယလူနာမှာ  အတူနေ မိသားစုဝင် ၄ ဦးရှိပြီး သူတို့အားလုံးကို Home Quarantine အဖြစ် အသွားအလာ ကန့်သတ်စောင့်ကြည့်နေပါတယ်။ သတင်း- ကျော်စိုးမိုး  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024