ဟင်္သာတမြို့ တာငါးဆယ်ရပ်ကွက် ဆွေးမြေ့ဓာတ်တိုင်တွေ လဲပေးပါ
DVB
·
April 11, 2013
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ တာငါးဆယ် မြောက်ရပ်ကွက်၊ ကြေးကန်ကျောင်း လမ်းအတွင်းရှိ သစ်သား လျှပ်စစ်မီးတိုင်တွေဟာ နှစ်ပေါင်းများစွာ အသုံးပြုခဲ့တဲ့အခွက် အခုအခါ ဟောင်းနွမ်း ဆွေးမြေ့နေပါတယ်။
ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ဌာနကို ဓာတ်မီးတိုင်တွေ အမြန်လဲလှယ်ပေးဖို့ မီးတိုင်အဟောင်းတွေကို မှတ်တမ်းဓာတ်ပုံနဲ့တကွ တင်ပြခဲ့တာ တလ ကျော်ကြာခဲ့ပါပြီ။
စာတင်ပြီး တပတ်လောက်အတွင်းက မြို့နယ်လျှပ်စစ်ဌာနက ကွင်းဆင်းပြီး လာရောက် စစ်ဆေးတာကို သိရှိကြောင်း တာဝန်ရှိသူတွေက လက်မှတ်ရေးထိုးခိုင်းလို့ လက်မှတ်ထိုးလိုက်ရပါတယ်။ ဒါပေမယ့် ဒီနေ့အထိ တစုံတရာ ဆောင်ရွက်မှု မရှိသေးပါ။ မြို့နယ် လျှပ်စစ်ဌာနအနေနဲ့ လစဉ် မီးတာထိန်းသိမ်းခ ၁၀၀၀ ကျပ်ကိုတော့ တာဝန် မပျက်မကွက် ကောက်ခံနေပါတယ်။
အခုအခါ မိုးရာသီ နီးကပ်လာပြီ ဖြစ်တဲ့အတွက် မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ လေပြင်းတိုက်ခြင်းတွေ ဖြစ်ပေါ်ပါက ဓာတ်တိုင်တွေ ပြိုလဲနိုင်တဲ့အတွက် ဟောင်းနွမ်း သစ်သား မီးတိုင်တွေကို အချိန်မီလဲလှယ်ပေးနိုင်ရေး ဒီဗွီဘီကတဆင့် သက်ဆိုင်ရာကို ပြောကြားပေးဖို့ အကူညီ တောင်းခံအပ်ပါတယ်။
တာငါးဆယ် ရပ်ကွက်သားတဦး