Homeမြန်မာသတင်း
အိန္ဒိယရောက် စာသင်သံဃာတော်များနှင့် ပိတ်မိနေသူများကို စင်းလုံးငှားလေယာဉ်ဖြင့် ပြန်ခေါ်ယူ
အိန္ဒိယရောက် စာသင်သံဃာတော်များနှင့် ပိတ်မိနေသူများကို စင်းလုံးငှားလေယာဉ်ဖြင့် ပြန်ခေါ်ယူ
DVB
·
April 23, 2020
အိန္ဒိယနိုင်ငံကို ရောက်ရှိနေတဲ့ စာသင် သံဃာတော်တွေနဲ့ ပိတ်မိတဲ့သူတွေကို သီတဂူဆရာတော်ဘုရားကြီးရဲ့ အစီအမံနဲ့ ဧပြီ ၂၂ ရက်က စင်းလုံးငှား လေယာဉ် ၂ စီး နဲ့ ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ည ၇ နာရီခွဲလောက် မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာတဲ့ သံဃာတော်တွေ၊ သီလရှင် ဆရာလေးတွေနဲ့ လူပုဂ္ဂိုလ်တွေကို ၂၁ ရက်တာ ကျန်းမာရေးစောင့်ကြည့်ဖို့အတွက် အပြည်ပြည်ဆိုင်ရာ သီတဂူဝိပဿနာတက္ကသိုလ်နဲ့ သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်တို့မှာ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း တစ်ဦးကို တစ်ခန်းနှုန်း စနစ်တကျထားရှိပြီး ကျန်းမာရေးစောင့်ရှောက်တာတွေ လုပ်သွားမယ်လို့ သိရပါတယ် ။
ကျန်းမာရေးစောင့်ရှောက်မှုတွေကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်၊ သူနာပြုတွေအပြင် တပ်မတော်ဆေးအဖွဲ့က တပ်ဖွဲ့ဝင်တွေလည်း ပူးပေါင်းဆောင်ရွက်မှာဖြစ်ပါတယ်။
နိုင်လင်းဦး