Homeမြန်မာသတင်း
ရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာ အပါအဝင် ချင်းမိုင်ကောင်စစ်ဝန်အဖွဲ့ စားနပ်ရိက္ခာလှူ
ရွှေ့ပြောင်းအလုပ်သမားများအတွက် မြန်မာ အပါအဝင် ချင်းမိုင်ကောင်စစ်ဝန်အဖွဲ့ စားနပ်ရိက္ခာလှူ
DVB
·
April 20, 2020
ထိုင်းနိုင်ငံ၊ ချင်းမိုင်မှာရှိနေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ လုပ်သားတွေအတွက် မြန်မာအပါအဝင် ချင်းမိုင်မြို့အခြေစိုက် ကောင်စစ်ဝန်အဖွဲ့က စားနပ်ရိက္ခာ အထောက်အပံ့တွေ စုပေါင်းလှူဒါန်းခဲ့ပါတယ်။
ကိုဗစ်-၁၉ ကြောင့် စားဝတ်နေရေးအခက်အခဲကြုံနေရတဲ့ အခြေခံ လူတန်းစားတွေအတွက် စားနပ်ရိက္ခာနဲ့ အခြားအထောက်အပံ့ စုပေါင်းလှူဒါန်းတဲ့အစီအစဉ်ကို ချင်းမိုင်ပြည်နယ်အုပ်ချုပ်ရေးမှူးက ဦးဆောင်နေပြီး ကောင်စစ်ဝန်အဖွဲ့က ထိုင်းဘတ် ၂၂၀၀၀ ကျော် တန်ဖိုးရှိတဲ့ ဆန်၊ ငါးသေတ္တာ၊ ခေါက်ဆွဲခြောက်၊ နွားနို့စတဲ့ ရိက္ခာတွေကို ဒီနေ့ ပေးအပ်ခဲ့တာပါ။
ဒီလိုလှူဒါန်းရာမှာ ချင်းမိုင်မြို့ ကောင်စစ်ဝန်အဖွဲ့ နာယက၊ မြန်မာကောင်စစ်ဝန်ချုပ်လည်း တက်ရောက်ခဲ့ပြီး နိုင်ငံ ၁၈ နိုင်ငံက ကောင်စစ်ဝန်ရုံးနဲ့ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရုံးတို့ စုပေါင်းလှူဒါန်းခဲ့ကြတာ ဖြစ်ပါတယ်။