မွန်ပြည်နယ်တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ရန် အစီအစဉ် မရှိသေးဟု ဝန်ကြီးချုပ်ပြော
DVB
·
April 19, 2020
မွန်ပြည်နယ်မှာ ညမထွက်ရ အမိန့်ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးဘူးလို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ဧပြီ ၁၈ ရက်နေ့က သတင်းမီဒီယာတွေကို ပြောပါတယ်။
ညမထွက်ရ အမိန့်ကို လောလောဆယ် ထုတ်ပြန်ဖို့ အစီအစဉ် မရှိသေးပေမဲ့ လိုအပ်လာရင် ထုတ်ပြန်သွားဖို့ အဆင်သင့်ပြင်ထားတယ်လို့ ဆိုပါတယ်။
COVID-19 ရောဂါကြောင့် တိုင်းနဲ့ ပြည်နယ်တချို့မှာ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ညမထွက်ရ အမိန့်ထုတ်ပြန်တာတွေ လုပ်ဆောင်နေတဲ့အပြင် အသွားအလာ ကန့်သတ်တာနဲ့ နေအိမ်မှာပဲ နေထိုင်ကြဖို့ ညွှန်ကြားထားပါတယ်။
မွန်ပြည်နယ်မှာတော့ COVID - 19 ရောဂါ အတည်ပြုလူနာ ၁ ဦးသာ ရှိနေပြီး အဲဒီလူနာ အခြေအနေကလည်း ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။