Home
ကျန်းမာရေး
COVID-19 အတည်ပြု လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိ
DVB
·
April 19, 2020
မြန်မာနိုင်ငံမှာ ဧပြီ ၁၈ ရက်နေ့ စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာအရ COVID-19 ရောဂါ လူနာသစ် ၁၃ ဦး ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၀၇ ဦးရှိပြီလို့ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီမှာ ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) ရဲ့ ဧပြီ ၁၈ ရက်နေ့ ပထမအသုတ်စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၁ ခု အနက် ၂  ဦးမှာ COVID-19 ရောဂါပိုးတွေ့ရှိရပြီး ဒုတိယအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၉၄  ခုထဲမှာလည်း ၂ ဦး တွေ့ရှိခဲ့တာပါ။ အတည်ပြုလူနာထဲမှာ အသက် ၁ နှစ်နဲ့ ၆ လသားအရွယ်ကလေးငယ်တဦးလည်း ပါဝင်ပါတယ်။ ဧပြီ ၁၈ ရက်နေ့ တတိယအသုတ် စစ်ဆေးခဲ့တဲ့ ဓာတ်ခွဲနမူနာ ၈၇ ခုအနက် ၉ ဦးမှာ COVID-19 ရောဂါပိုး တွေ့ရှိပြီး ကျန် ၇၈ ဦးက COVID-19 ရောဂါပိုးမတွေ့ရှိဘူးလို့ ဆိုပါတယ်။ ဒါကြောင့် COVID-19 ရောဂါအတွက် ဧပြီ ၁၈ ရက်နေ့က ပထမအသုတ်၊ ဒုတိယအသုတ်၊ တတိယအသုတ် ဓာတ်ခွဲစစ်ဆေးမှုတွေအရ လူနာသစ် စုစုပေါင်း ၁၃ ဦးရှိပြီး ကျန် ၂၅၉ ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဧပြီ ၁၉ ရက် မနက် ၇ နာရီအထိ COVID-19  ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၁၀၇ ဦး၊ သေဆုံးသူ ၅ ဦးနဲ့ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ၂ ဦးရှိပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024