ကိုရီးယားကျွန်းဆွယ်က ပဋိပက္ခဟာ တားမနိုင်ဆီးမနိုင် ဖြစ်လာတော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးပြောကြားလိုက်ပါတယ်။
မြောက်ကိုရီးယားအနေနဲ့ ရန်လိုတဲ့ အပြောအဆိုတွေကို လေသံလျှော့ဖို့လည်း ထပ်မံ တိုက်တွန်းလိုက်ပါတယ်။
[caption id="attachment_38321" align="alignleft" width="300" caption="(Photo_UN)"]

[/caption]
အတွက်မှားလို့ ဒါမှမဟုတ် ခန့်မှန်းချက်လွဲတာကနေ သေးဖွဲတဲ့ကိစ္စရပ်ဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေကို ဖန်တီးနိုင်တယ်လို့ မစ္စတာ ဘန်ကီမွန်းက အီတလီနိုင်ငံ ရောမမြို့မှာ သတင်းထောက်တွေကို ပြောသွားတာဖြစ်ပါတယ်။
ဒါ့အပြင် တောင်-မြောက် ကိုရီးယား ၂ နိုင်ငံကြားက အအောင်မြင်ဆုံး ပူးတွဲစီမံကိန်းတခုဖြစ်တဲ့ ဂယ်ဆွန်းစက်မှုဇုန်ကို ဆက်လက် ဖွင့်ထားဖို့လဲ ပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ စစ်ဖြစ်တော့မှာမို့လို့ တောင်ကိုရီးယားနိုင်ငံထဲက နိုင်ငံခြားအဖွဲ့အစည်းတွေ၊ ကုမ္ပဏီတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ အားလုံးကို ဘေးလွတ်ရာ ထွက်ခွာသွားကြဖို့ မနေ့က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။
ဂျပန်နိုင်ငံကတော့ တိုကျိုမြို့တော်က ပြည်သူ သန်း ၃၀ ကို ကာကွယ်ပေးဖို့ အမေရိကန်လုပ် ပက်ထရီယော့ ဒုံးခွင်းဒုံးပစ် တပ်ဖွဲ့တွေကို တိုကျိုက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တခြားစစ်စခန်း ၂ ခုတို့မှာ တပ်ဖြန့်ချထားလိုက်ပြီလို့ သိရပါတယ်။
မြောက်ကိုရီယားဟာ သူ့ရဲ့တာလတ်ပစ် ဒုံးကျည်ကို အရှေ့ဘက်ကမ်းခြေကနေ ပစ်လွှတ်ဖို့ ပြင်ဆင်နေတာတွေ ပြီးစီးသွားပြီလို့လည်း တောင်ကိုရီးယားက ယွန်ဟက်ပ်သတင်းဌာနက မနေ့က သတင်းထုတ်ပြန်သွားပါတယ်။
ပြုံယမ်းအစိုးရဟာ ဒေသတွင်းမှာရှိတဲ့ တောင်ကိုရီးယား၊ ဂျပန်နဲ့ အမေရိကန် စစ်စခန်းတွေကို ရန်လိုတဲ့ ခြိမ်းခြောက်မှုတွေ ခုထိ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။