Home
မြန်မာသတင်း
ရိက္ခာတင်ကားများကို အေအေ ပစ်ခတ်နေမှု လူသားမဆန်သည့်လုပ်ရပ်ဟု ချင်းစည်ပင်ဝန်ကြီးပြော
DVB
·
April 18, 2020
ပလက်ဝမြို့အတွက် သယ်လာတဲ့ ရိက္ခာတင်ကားတွေကို အေအေက ပစ်ခတ်နေတာဟာ လူသားမဆန်တဲ့လုပ်ရပ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်ဝန်ကြီးက ပြောဆိုလိုက်ပါတယ်။  ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ စစ်ဘေးရှောင် ၃၇၀၀ ကျော်အပါအဝင် မြို့သူမြို့သားနဲ့ ဝန်ထမ်း ၁၀၀၀၀ ကျော်တို့မှာ စားနပ်ရိက္ခာ ပြတ်လပ်နေပြီဖြစ်တယ်လို့ စည်ပင်ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။ ဒါကြောင့် သူတို့တွေအတွက် ဆန်အိတ် ၈၃၀ အပါအဝင် အခြေခံစားနပ်ရိက္ခာတွေ၊ ဆေးတွေကို ဆမီးမြို့ကနေ ဧပြီ ၁၆ ရက်နေ့ကတည်းက ကားတွေနဲ့ သယ်လာတာဖြစ်ပြီး ရိက္ခာတင်ကားတွေကို အေအေအဖွဲ့က ပစ်ခတ်နေတာကြောင့် ရှေ့ဆက်မရဖြစ်နေတယ်လို့ သူက ပြောပါတယ်။  အဲဒီရိက္ခာတွေဟာ ပလက်ဝမြို့အတွက် တလစာရိက္ခာတွေလို့ ဆိုပါတယ်။ ပလက်ဝနဲ့ ဆမီး မြို့ဟာ ပုံမှန်အားဖြင့် ၂ နာရီကျော်သာ ကားမောင်းရတဲ့ အကွာအဝေးသာ ရှိနေတာပါ။  ရိက္ခာတင်ကားတွေမှာ ဘာသာရေးအဖွဲ့အစည်းတွေရဲ့ ဆိုင်းဘုတ်တွေနဲ့အတူ အလံဖြူပါတပ်ထားပေမယ့် အေအေက ပစ်ခတ်တယ်လို့ သူကဆိုပါတယ်။ ဒါကြောင့် အေအေအဖွဲ့ရဲ့ လုပ်ရပ်တွေဟာ လူသားမဆန်တဲ့ လုပ်ရပ်တွေ ဖြစ်တယ်လို့ ဦးစိုးထက်က ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024