ဆေးသုတေသီများကို လူ့အဖွဲ့အစည်းတရပ်လုံး အားပေးကူညီရန် အလီဘာဘာတည်ထောင်သူ ပြော

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးတိုက်ဖျက်ရေးအတွက် ဆေးဝါးဖော်ထုတ်ရေးဟာ အဓိက ဖြစ်တာကြောင့် ဆေးသုတေသီတွေကို လူ့အဖွဲ့အစည်းတရပ်လုံး အားပေးကူညီသင့်တယ်လို့ အွန်လိုင်းရောင်းဝယ်ရေး ဝက်ဘ်ဆိုက်ကုမ္ပဏီ အလီဘာဘာရဲ့ တည်ထောင်သူ ဂျက်မားက ပြောကြားလိုက်ပါတယ်။  ချိုင်းနားစင်ထရယ်ရုပ်သံနဲ့ ဧပြီ ၁၇ ရက် အင်တာဗျူးမှာ ဂျက်မားက ကပ်ဆိုးဟာ အချိန်တိုအတွင်း ပြီးဆုံးမယ်လို့ မမြင်ကြောင်း၊ နည်းပညာဆိုင်ရာ တီထွင်မှုတွေ၊ ဆေးသုတေသနတွေပေါ်မှာ မှီခိုနိုင်မှသာ ကပ်ဘေး  ပျောက်ကွယ်မယ်လို့ ဆိုပါတယ်။  ဂျက်မားဖောင်ဒေးရှင်းဟာ ဇန်နဝါရီ ၂၉ ရက်ကတည်းက ယွမ်ငွေသန်း ၁၀၀ (ဒေါ်လာ ၁၄ ဒသမ ၂၆ သန်း) ကို ဆေးဝါးထုတ်လုပ်ရေးနဲ့ သုတေသနလုပ်ငန်းတွေအတွက် မတည်ပေးခဲ့ပါတယ်။  အဆိုပါငွေထဲမှ ယွမ်သန်း ၂၀ ကို တရုတ် သိပ္ပံအကယ်ဒမီနဲ့ တရုတ်အင်ဂျင်နီယာအကယ်ဒမီတို့ကို လှူဒါန်းခဲ့ပြီး ကျန်ငွေတွေကိုတော့ ပြည်တွင်း ပြည်ပက ထိပ်တန်းသိပ္ပံသုတေသနအဖွဲ့တွေ၊ လူပုဂ္ဂိုလ်တွေကို  ထောက်ပံ့ဖို့ ဖြစ်တယ်လို့ ရိုက်တာသတင်းက ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up