COVID-19 အတည်ပြုလူနာသစ် ၃ ဦးထပ်တွေ့
DVB
·
April 17, 2020
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)က ဧပြီ ၁၇ ရက်နေ့မှာ ပထမအသုတ်အဖြစ် ဓာတ်ခွဲနမူနာ ၉၃ ခုကို စစ်ဆေးရာ ၃ ဦးမှာ COVID-19 ရောဂါပိုးတွေ့ ရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ ည ၈ နာရီမှာ ထုတ်ပြန်ပါတယ်။
လူနာသစ် ၃ ဦးကတော့ အင်းစိန် အထွေထွေရောဂါကုဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦး၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ စောင့်ကြည့်လူနာ (၁)ဦးနဲ့ ကလေးမြို့မှာ အသွားအလာ ကန့်သတ်ထားသူ (၁)ဦး၊ စုစုပေါင်း (၃)ဦး ဖြစ်တယ်လို့ ဆိုပါတယ်။
ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတဲ့ လူနာ အမှတ် ၃ ၊ အမှတ် ၉ နဲ့ အမှတ် ၁၂ တို့ကတော့ ရောဂါသက်သာကောင်းမွန်နေပြီး သူတို့ရဲ့ ဓာတ်ခွဲ နမူနာအား ထပ်မံစစ်ဆေးခဲ့ရာ နှစ်ကြိမ်စလုံးမှာ COVID -19 ရောဂါပိုး မတွေ့ရှိတော့ဘူးလို့လည်း ကျန်းမာရေးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီကနေ့ ဧပြီ ၁၇ ရက်ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရကြောင်း အတည်ပြုနိုင်ခဲ့တဲ့ လူနာ ၈၈ ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ ၄ ဦးရှိပါတယ်။
Photo- MOHS