A d v e r t i s e m e n t With Us

ကျောင်းသူတဦး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုကြောင့် ဖိလစ်ပိုင်ပညာရေး ပြုပြင်ရန် တောင်းဆို

ခရစ်စတဲလ် တရာဒါကို ပြီးခဲ့တဲ့ အပတ်က မနီလာမြို့က သင်္ချိုင်းမှာ မြှုပ်နှံခဲ့ကြပါတယ်။ ဒီလ အစောပိုင်းမှာ အသက် ၁၆ နှစ်အရွယ် ကျောင်းသူက သူပေးရမယ့် ကျောင်းလခတွေ မပေးနိုင်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပါ။ သူ့ရဲ့ သေဆုံးသွားမှုက အစိုးရတက္ကသိုလ်တွေရဲ့ ကျောင်းလခပေးသွင်းမှု နောက်ကျလို့မရတဲ့ မူဝါဒကို နာကြည်းဒေါသထွက်မှုတွေ စတင်ဖြစ်ပေါ်လာစေခဲ့ပါတယ်။ သတင်းထောက် မဒေါနား ဗီရိုလာက သတင်းပေးပို့ထားပါတယ်။ မယုယမိုး တင်ဆက်ပေးထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up