၂၀၁၅ ရွေးကောက်ပွဲ လွတ်လပ်တရားမျှတမှု ရှိအောင် ကျင်းပပေးမည်
DVB
·
April 9, 2013
လာမယ့် အထွေထွေရွေးကောက်ပွဲကြီးကို ၂၀၁၅ ဒီဇင်ဘာမှာ ကျင်းပပြုလုပ်ပေးဖို့ လျာထားပြီး လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်အောင် ကျင်းပပေးမယ်လို့ ကတိပြုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။
ဧပြီ ၈ ရက်နေ့က နေပြည်တော်မှာ ကော်မရှင်နဲ့ နိုင်ငံရေးပါတီ ၅၃ ပါတီက ခေါင်းဆောင် တွေ့တွေ့ဆုံစဉ် သူက ခုလို ပြောဆိုလိုက်တာဖြစ်ပြီး မဲစာရင်းမှန်ကန်ရေးကိစ္စ ခုကတည်းက ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံရေးပါတီနဲ့ ပြည်သူတွေဘက်ကလည်း အကူအညီပေးကြဖို့ သူက တိုက်တွန်းခဲ့ပါတယ်။
တွေ့ဆုံပွဲမှာ ပီအာရ် ခေါ် အချိုးကျကိုယ်စားလှယ် တင်မြှောက်တဲ့ ရွေးကောက်ပွဲစနစ် ကိစ္စ ဆွေးနွေးခဲ့ကြပေမယ့် လက်မခံတဲ့ ပါတီများကြောင်း၊ ဒီလို ရွေးကောက်ပွဲ ပုံစံပြောင်းမယ့်ကိစ္စ အခြေခံဥပဒေကိုပါ ပြင်ရမှာ ဖြစ်တဲ့အတွက် ၂၀၁၅ ခုနှစ်မှာတော့ ဖြစ်နိုင်မယ် မထင်ကြောင်း ချင်းတိုးတက်ရေးပါတီ ခေါင်းဆောင် ဦးလျှံကြယ်က ဒီဗွီဘီကို ပြောပါတယ်။