တောင်ကိုရီးယားရွေးကောက်ပွဲတွင် သမ္မတမွန်ဂျေးအင်း၏ပါတီ အနိုင်ရ

Reuters
မနေ့ကကျင်းပခဲ့တဲ့ တောင်ကိုရီးယားအထွေထွေရွေးကောက်ပွဲရဲ့ ရလဒ်အရ လက်ရှိသမ္မတ မွန်ဂျေးအင်းရဲ့ပါတီကပဲ အနိုင်ရခဲ့တယ်လို့ ရိုက်တာသတင်းက ဖေါ်ပြပါတယ်။  မဲရလဒ်တွေအရတင် သမ္မတ မွန်ရဲ့ပါတီက အမတ်နေရာ ၃၀၀ မှာ ၁၆၈ နေရာနဲ့ မဲအများစုရခဲ့ပြီး မိတ်ဖက်ပါတီက ၁၇ နေရာ ရခဲ့တာပါ၊  အတိုက်အခံပါတီ United Future Party (UFP) ကတော့ ၉၇ နေရာအနိုင်ရမယ်  မှန်းဆထားတယ်လို့ သိရပါတယ် ။   တောင်ကိုရီးယားဟာ ကိုရိုနာကပ်ဘေးဖြစ်နေစဉ်မှာ အထွေထွေရွေးကောက်ပွဲကျင်းပခဲ့တဲ့ ပထမဆုံးနိုင်ငံဖြစ်ပြီး တင်းကြပ်တဲ့ ဘေးကင်းရေး အစီအစဉ်တွေနဲ့ မဲပေးမှု တွေကို စနစ်တကျ ထိန်းချုပ် လုပ်ဆောင်ခဲ့တာပါ။  မဲဆန္ဒရှင်တွေဟာ လက်အိပ်တွေ မျက်နှာဖုံးတွေ ဝတ်ဆင်ရပြီး မဲရုံအဝင်မှာလည်း ကိုယ်ပူချိန်တိုင်းတာနဲ့ လက်ဆေးတာတွေလုပ်ကာ  မဲပေးခဲ့ကြရတာ ဖြစ်ပါတယ်။  

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up