Homeမြန်မာသတင်း
မြိုင်မြို့နယ်၌ COVID-19 ရောဂါဖြစ်ပွားရာမြို့များမှ ပြန်လာသူများကို Quarantine ထားရှိမည်
မြိုင်မြို့နယ်၌ COVID-19 ရောဂါဖြစ်ပွားရာမြို့များမှ ပြန်လာသူများကို Quarantine ထားရှိမည်
DVB
·
April 16, 2020
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှာ COVID-19 ရောဂါဖြစ်ပွားနေတဲ့ ပြည်တွင်း မြို့တွေကပြန်ဝင်လာသူတွေကို ဧပြီ ၁၅ ရက်က စတင်ပြီး Facility Quarantine ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
မြိုင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဌေး က "ရန်ကုန် စက်ရုံတွေမှာ အလုပ်သွားလုပ်သူတွေ နေရပ်ပြန်လာတဲ့အတွက် ကျေးရွာတွေက တောင်းဆိုလာလို့ ညှိနှိုင်း တိုင်ပင်ပြီး Facility Quarantine ပြုလုပ်ပေးမှာပါ။ ကျေးရွာတွေမှာတော့ လွတ်ကင်းတဲ့ စာသင်ကျောင်းတွေမှာ စီစဉ်ထားပြီး မြို့ပေါ်မှာတော့ ပြည်ပကပြန်ဝင်လာသူတွေအတွက် စီစဉ်ထားတဲ့ ကျန်ရှိတဲ့နေရာတွေမှာ COVID-19 ရောဂါဖြစ်ပွားနေတဲ့ ၂၆ မြို့နယ်က ပြန်ဝင်လာသူတွေကို Quarantine ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။”လို့ပြောပါတယ်။
မြိုင်မြို့နယ်မှာ စောင့်ကြည့်သံသယ လူနာ ၂ ဦးရှိနေပြီး ဧပြီလ ၁၄ ရက်နေ့က ရန်ကုန်ကကားငှားပြီး ပြန်လာသူတစ်ဦးကို မြိုင်ပြည်သူ့ ဆေးရုံကို ပို့ဆောင်ကာ ဓာတ်ခွဲနမူနာပေးပို့ထားပြီး ဧပြီ ၁၅ ရက်နေ့ညမှာ အဖြေထွက်မှာ ဖြစ်တယ်။
သူနဲ့ အတူ လိုက်ပါလာတဲ့ ယာဉ်မောင်း အပါအဝင် ၄ ဦးကိုတော့ Facility Quarantine ပြုလုပ်ပေးထားတယ်လို့ လွှတ်တော်အမတ်က ပြောပါတယ်။
မြိုင်မြို့နယ်မှာ COVID-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ပြည်ပကပြန်ဝင်လာသူ ၄၇၉ ဦးကို နေရာ ၇ ခု မှာ Facility Quarantine ပြုလုပ်ပေးထားပြီး နှာခေါင်းတို့ဖတ် လည်ချောင်း တို့ဖတ်တို့ ရယူကာ ဓာတ်ခွဲနမူနာပေးပို့စစ်ဆေးနေတယ်လို့ သိရပါတယ်။
သတင်း-မင်းထီး