Home
မြန်မာသတင်း
ညောင်ဦး-စလေအကြားနှင့် ခန္တီးမြို့အနီး အင်အားအနည်းငယ်ရှိ ငလျင်လှုပ်   
DVB
·
April 16, 2020
မြန်မာနိုင်ငံ အလယ်ပိုင်းက ညောင်ဦးနဲ့စလေမြို့အကြားမှာ ဒီမနက် ၂နာရီလောက်က အင်အားအနည်းငယ်ရှိ ငလျင်တခုလှုပ်ခဲ့တယ်လို့ မိုး/ဇလက သတင်းထုတ်ပြန်ပါတယ်။ ညောင်ဦးမြေငလျင်စခန်းက အနောက်တောင်ဘက် မိုင် ၄၀ ခန့်အကွာ စလေမြို့ရဲ့ အနောက်-အနောက်မြောက်ဘက် ၂၃မိုင်ခန့်အကွာ ပြည်တွင်းတနေရာကို  ဗဟိုပြုပြီး အင်အား ၄ အဆင့်ရှိ ငလျင် လှုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်အရသိရပါတယ်။ ဒါ့အပြင် မနက် ၁၀ နာရီ၊ ၀၇ မိနစ်၊ ၃၇ စက္ကန့်လောက်က  ခန္တီးမြို့ တောင်ဘက် ၈ မိုင်ခန့် အကွာမှာ အင်အားရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တခုလည်း လှုပ်ရှားသွားခဲ့ပါတယ်။ ဓာတ်ပုံ- မိုးဇလ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024