Home
မြန်မာသတင်း
COVID-19 လူနာသစ် ၁၁ ဦးထပ်တွေ့၊ အတည်ပြုလူနာပေါင်း ၈၅ ဦးရှိဟု မြန်မာ့အသံကြေညာ
DVB
·
April 16, 2020
COVID-19 ရောဂါကူးစက်ခံရတဲ့ ဓာတ်ခွဲအတည်ပြုလူနာသစ် ၁၁ ဦး ထပ်မံတွေ့ရှိပြီး ဒီနေ့မနက်အထိ  မြန်မာနိုင်ငံမှာ ရောဂါပိုးရှိသူ အတည်ပြုလူနာ စုစုပေါင်း ၈၅ ဦးရှိသွားပြီ ဖြစ်တယ်လို့ နိုင်ငံပိုင် MRTV သတင်းဌာနက ဒီမနက် ၈ နာရီသတင်းမှာ ကြေညာသွားပါတယ်။ ဧပြီလ ၁၅ ရက်နေ့က တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးကနေ ပေးပို့လာတဲ့ COVID-19 ရောဂါစောင့်ကြည့် လူနာတွေနဲ့ အသွားအလာကန့်သတ်ခြင်း စောင့်ကြည့်ထားသူ စုစုပေါင်း အယောက် ၄၀၀ ကို ဓာတ်ခွဲနမူနာတွေ ထဲက ၁၂၈ ယောက်က ရောဂါပိုးမတွေ့ရှိဘူးလို့ ဧပြီ ၁၅ ရက်နေ့ ည ၈ နာရီမှာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။  ကျန်နေတဲ့ ၂၇၂ ဦးထဲက ၁၁ ဦးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးတွေ့ရှိတယ်လို့ ဧပြီလ ၁၆ ရက်နေ့ မနက် ၃ နာရီအချိန်မှာ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန ရန်ကုန် က သတင်းထုတ်ပြန်တယ်လို့ မြန်မာ့အသံက ကြေညာသွားခဲ့တာပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံတဝန်း COVID-19 အတည်ပြုလူနာ စုစုပေါင်း  ၈၅ ယောက်ရှိသွားပြီးဖြစ်ပြီး အဲဒီအထဲက ၄ ယောက် သေဆုံးကာ ၂ ဦး ပြန်လည်သက်သာသွားခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024